နမ့်တွန်းကျေးရွာ (၁၆)မိုင်အဆင်း ယာဉ်တစ်စီးတိမ်းမှောက် တစ်ဦးသေဆုံး


လားရှိုး မေ ၃၀

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် နမ့်တွန်းကျေးရွာ (၁၆)မိုင်အဆင်း၌ မေ ၂၉ ရက် ည ၁၁ နာရီက ယာဉ်တစ်စီး မတော်တဆတိမ်းမှောက်ကြောင်းသိရသည်။

ဖြစ်စဉ်မှာ နမ့်တွန်းကျေးရွာ(၁၆)မိုင်အဆင်း၊ မိုင်တိုင်အမှတ် (၁၈၉/၄)နှင့်(၁၈၉/၅)ကြား လားရှိုးမှသိန်းနီသို့ ယာဉ်မောင်း ကိုယ်ပိုင်အမှတ် တ/၄၀၀၃၄ဝတပ်သားမျိုထက်အောင် (၃၄)နှစ် အမှတ်(၉၁၂)စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း ၊MIအမျိုးအစား မြေထိုးစက်အားတင်ဆောင်၍မောင်းနှင်လာသောယာဉ်အမှတ် 8L------Dong Feng (၁၂)ဘီး အပြာရောင်သည် ဘရိတ်ပေါက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရေမြောင်းထဲထိုးကျ၍ ကွန်ကရစ်မြေ ထိန်းနံရံအားဝင်ဆောင့်မိကာ ယဉ်ခေါင်းခန်းတွင်လိုက်ပါလာသူ ကပ/၆၃၆၇၆၈ ဒုအရာခံဗိုလ်ဦးမောင်မောင်စိုး(၅၅)နှစ် အမှတ်(၉၁၂)စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း၊ကာခေါင်းထဲတွင်ညပ်နေကြောင်း တယ်လီဖုန်းသတင်းရရှိ၍ လားရှိုးခရိုင်မီးသတ်ဦးစီးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးထွဋ်ဦး၊ဦးဆောင်သောရှာဖွေ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်(၈)ဦးတို့မှ 4M/------အထောက်အကူပြု ယာဉ်နှင့် 7G/-----သူနာတင်ယာဉ်ဖြင့်သွားရောက်ကူညီ ကယ်ထုတ်ရာ အခင်းဖြစ်ပွားရာနေရာတွင် ကားခေါင်းခန်း၌လိုက်ပါ လာသူ ဒုအရာခံဗိုလ် ဦးမောင်မောင်စိုးမှာအောက်ပိုင်း ပြတ်ဒဏ်ရာ ဖြင့် သွေးထွက်လွန်သေဆုံးသွားခဲ့ပြီးအတူလိုက်ပါလာသူ ကိုယ်ပိုင်အမှတ်တ/၄၄၁၀၄၇ဒုတပ်ကြပ်ဇော်လင်းထိုက်(၃၂)နှစ်(ဘ)ဦးတင်စိုးသည် ဝဲဘက်နံရိုးအောင့်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ပြီး ယာဉ်မောင်း တပ်သားမျိုးထက်အောင်မှာ အခင်းဖြစ်ပွားရာနေရာမှ ထွက်ပြေးတိမ်းရှောင်နေကြောင်းသိရသည်။

အခင်းဖြစ်ပွားရာနေရာသို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့်အတူ (အမှတ်-၁၂၁)ယာဉ်ထိန်းတပ်ဖွဲ့စုမှ ဒုရဲအုပ်ချိုထွန်းနိုင်ဦးစီးသည့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊လားရှိုးလူငယ်များလူမှုကူညီရေးအသင်း၊ နမ့်တွန်းကျေးရွာအုပ်ချုပ်ရေးမှူး-ဦးခူးဖန်၊ပေးသော လက်စေတနာရှင်သွေးနှင့် လူမှုကူညီရေးအသင်း၊မြတ်ရတနာ လူမှုကူညီရေးအသင်း တို့ပါဝင်ကူညီဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဟန်ဌေး
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
နမ့်တွန်းကျေးရွာ (၁၆)မိုင်အဆင်း ယာဉ်တစ်စီးတိမ်းမှောက် တစ်ဦးသေဆုံး နမ့်တွန်းကျေးရွာ (၁၆)မိုင်အဆင်း ယာဉ်တစ်စီးတိမ်းမှောက် တစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 21:12 Rating: 5
Powered by Blogger.