တပ်ကတရားစွဲ ခံထားရသူတွေ ပြန်လည်တုံပြန်ဖို့ အစည်းအဝေးလုပ်

 ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ အဖွဲ့ဝင်တွေကို မရမ်းကုန်းတရားရုံးမှ ပုဒ်မ ၅၀၅ (က) တရားစွဲထားပါတယ်။
ရန်ကုန်မြို့မှာ မေလ ၁၁ ရက်နေ့ ညနေပိုင်းကတပ်မတော် ကတရားစွဲခံရ သူတွေ စုစည်းပြီး ပြန်လည်တုံ့ပြန်ကြ ဖို့ ရန်ကုန်မှာ အစည်းဝေးလုပ်ခဲ့ကြတယ်လို့ အစည်းဝေးတက် ရောက်ခဲ့သူတစ်ဦးက ပြောပါတယ် ။

အဲဒီ အစည်းဝေး ကို တပ် ကတရားစွဲ ခံထားရသူတွေ အများစုတက် ရောက်ကြပြီးအခုရက်ပိုင်း တပ်မတော် ကတရားစွဲလာတာတွေပိုများလာတာကြောင့် အခုလို စုစည်း ပြီးတုံ့ပြန်ကြ ဖို့ တိုင်ပင်တာဖြစ်တယ်လို့လည်း သူက ပြောပါတယ် ။

အခုရက်ပိုင်း တပ်မတော် က တရားစွဲ ခံရတဲ့ အထဲမှာဒေါင်းတို့မျိုးဆက် သံချပ် အဖွဲ့ အပါဝင် သတင်းဌာန တွေ အငြိမ့် အဖွဲ့တွေ လည်းအစည်း ဝေးတက် ရောက်ကြ ပါတယ်။

တပ်မတော် ကတရားစွဲတာတွေနဲ့ ပက်သက်ပြီး ဘယ် လို တုံ့ပြန်မယ် ဆိုတာ ကို လာမဲ့ ရက် ပိုင်းအတွင်းသ ဘောထားစုစည်း ပြီးထုတ်ပြန် သွားမယ် လို့လည်းအစည်း ဝေးတက် ရောက်သူတွေဆီက သိရပါတယ်။

ဧရာဝတီသတင်းဌာနရဲ့ တာဝန်ခံ အယ်ဒီတာ ကိုရဲနည်ကို ရခိုင်အရေးနဲ့ ပတ်သက်တဲ့ သတင်းတွေကြောင့် တပ်မတော်ကနေ တရားလိုလုပ်ပြီး ပြီးခဲ့တဲ့ ဧပြီလအတွင်း ကအမှုဖွင့်ခဲ့ပါတယ်။

အေအေ ရက္ခိုင့် တပ်မတော် နဲ့ အစိုးရ တပ်မတော် ကြား ဖြစ်ပွား နေတဲ့ တိုက်ပွဲတွေ အကြောင်း ရေးသားထားတဲ့ ဆောင်းပါးတွေကြောင့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ တပ်မတော် ဘက် ကနေ တရားလိုလုပ်ပြီး အမှုဖွင့်လိုက်တာဖြစ်တယ် လို့လည်း အင်္ဂလိပ်ပိုင်း အယ်ဒီတာ ကိုကျော်စွာမိုးက ဘီဘီစီ ကို အတည်ပြုပြောဆိုခဲ့ပါတယ်။

လက်တလောမှာတော့ လူသိများ တဲ့ ရုပ်ရှင် ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ တပ်မတော် ဗိုလ်ကြီးဟောင်း နေမျိုးဇင်၊ နောက်ပြီး တပ်မတော် နဲ့ အစိုးရ ကို ဝေဖန် သံချပ် ထိုးခဲ့တဲ့ ဒေါင်းတို့ မျိုးဆက် သံချပ် အဖွဲ့က အဖွဲ့ဝင် တချို့ ကိုလည်း တပ်မတော် ဘက် က ဆက်သွယ်ရေး ဥပဒေ ပုဒ်မ နဲ့ တရားစွဲ ဆို ထားပါတယ်။

ဒီလို ဖမ်းဆီး တရားစွဲဆိုမှုတွေဟာ လွတ်လပ်စွာ ထုတ်ဖော်ခွင့် နဲ့ လူ့အခွင့်အရေး ကို တပ်မတော် ဘက် က အကြီးအကျယ် ချိုးဖောက်နေတာ ဖြစ်တယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့ HRW က ဝေဖန် ထား ပါတယ်

တပ်မတော်ဂုဏ်သိက္ခာ ကျဆင်းအောင် လူမှုကွန်ရက်မှာ ရေးသားတယ်ဆိုပြီး ရွေဝါရောင်ဆရာတော် ဦးသောဘိတ(အလင်္ကာကြယ်) ကို တပ်မတော်က တရားရုံးမှာ ဒုတိယအကြိမ် ထပ်မံတရားစွဲဆိုထားပြီးမေလ ၁၃ ရက်နေ့ အမရပူရတရားရုံးမှာစစ်ဆေး ဖို့လည်းရှိနေပါတယ် ။

BBC Burmese
https://www.bbc.com/burmese
တပ်ကတရားစွဲ ခံထားရသူတွေ ပြန်လည်တုံပြန်ဖို့ အစည်းအဝေးလုပ် တပ်ကတရားစွဲ ခံထားရသူတွေ ပြန်လည်တုံပြန်ဖို့ အစည်းအဝေးလုပ် Reviewed by THITHTOOLWIN on 19:22 Rating: 5
Powered by Blogger.