အကျဉ်းသားကိုဖုန်း ရောင်းတဲ့ ရွှေဘိုထောင်ဝန်ထမ်းကို ဖမ်းပြီးစစ် ဆေး

အကျဉ်းထောင်အတွင်းက အဆောင်တွေက တုတ်၊ဓား၊ လက်နက်များကို ရှာဖွေသိမ်းဆည်းနေပါတယ်။
ပြီးခဲ့တဲ့ ရွှေဘိုအကျဉ်းထောင်ဆူပူမှုကို ဖုန်းဖြင့် တိုက်ရိုက်ထုတ်လွှင့်ခဲ့ သူ အကျဉ်းသားကို အရေးယူထားပြီး ဖုန်းရောင်းတဲ့ ထောင်ဝန်ထမ်းကို ဖမ်းပြီးစစ် ဆေးနေတယ် လို့ ရွှေဘိုအကျဉ်းထောင် ထောင်မူး က ရွှေဘိုအကျဉ်းထောင် ရှေ့ မှာ သတင်းထောက် တွေကို ဒီနေ့မနက်က ပြောလိုက်ပါတယ်။

ရွှေဘိုအကျဉ်းထောင် ထောင်မှူး ဦးဇော်ထွန်း ကို ဒီသတင်းနဲ့ပက်သက်လို့ တိုက် ရိုက် ဆက်သွယ် မေးမြန်း ခဲ့ပြီး သူကမှတ်ချက်တစုံရာမပေးလို ဘူးလို့ ဘီဘီ စီကို ပြောပါတယ်။

ဖုန်းနဲ့တိုက်ရိုက်ထုတ်လွှင့်ခဲ့ သူ အကျဉ်းသားက အဲဒီဖုန်းဟာ ပေါက် ဈေး ၆ သောင်းသာ တန်ပြီးကို ၅သိန်းနဲ့ ဝယ်ယူခဲ့တာ လို့ ရွှေဘိုအကျဉ်းထောင်ဆူပူမှုကို ဖုန်းဖြင့် တိုက်ရိုက်ထုတ်လွှင့်စဉ် မှာ ပြောသွားခဲ့ပါတယ်။

"အဲဒါကို သိပါတယ် သူတို့လုပ်ရမဲ့ အလုပ်ပဲ တို့ ကဆူပူမှု မဖြစ်အောင် ဝင်ထိန်း တာပါ၊ဆူပူမှု မရှိတော့ရင် ကျန်တာ အရေးယူတာ သူတို့ အပိုင်း ပေါ့" လို့စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးမြင့်နိုင်က ပြောပါတယ်။
 ရွှေဘိုအကျဉ်းထောင်မှာ ဆူပူမှုကြောင့် ပစ်ခတ်နှိမ်နှင်းမှုကြောင့် အကျဉ်းသားတွေ ၄ဦးသေဆုံးခဲ့ပါတယ်။
ရွှေဘိုအကျဉ်းထောင်ဆူပူမှု ဆူပူမှုဖြစ်စဉ် မှာ ဦးဆောင်ခဲ့သူ တွေကိုဖော်ထုတ် ထားပြီး ဥပဒေနှင့်အညီ ဆက်လက်အရေးယူမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးမြင့်နိုင်က ဘီဘီ စီကို ပြောပါတယ်။

ဒါ့ အပြင် အကျဉ်းထောင်အတွင်းရှိ အဆောင်တွေက တုတ်၊ဓား၊ လက်နက်များကို ရှာဖွေသိမ်းဆည်းလျက်ပြီး ကျူးလွန်သူတွေကိုဆက်လက် ဖော်ထုတ်အရေးယူမည်လို့လည်း သူကပြောပါတယ်။

သမ္မတရုံးက မေလ ၉ ရက်နေ့ထုတ်ပြန်ချက်မှာ ထောင်ဆူပူမှုကို Facebook တွင် Live ထုတ်လွှင့်ခဲ့တဲ့ အခြေအနေကို ထောက်ပြခဲ့ပြီး နိုင်ငံအနှံ့ ထောင်ဆူမှုများသည် ချိတ်ဆက်မှုရှိနေတယ်လို့လည်း သုံးသပ်ထားပါတယ်။

မေလ ၈ ရက် ညနေပိုင်း ကစပြီး ၂၄ နာရီနီးပါး ဆူပူခဲ့သည့် ရွှေဘိုထောင် အခြေအနေကတော့ မေလ ၉ ရက်နေ့ညေနပိုင်းက ပြန်လည်တည်ငြိမ်သွားပြီ ပေမဲ့ လုံခြုံရေးအင်အား အများအပြား ချထားတယ်လို့ သိရပါတယ်။။

ဖုန်းရောင်းတဲ့ဝန်ထမ်းဟာ တပ်သားအဆင့် ဖြစ်ပြီး ထောင်တွင်းဖုန်းဈေးကွက် မည်ကဲ့သို့ ဖြစ်ပေါ်ခဲ့တယ် ဆိုတာကိုပါ စုံစမ်းစစ်ဆေး မှုတွေလုပ်နေတယ်လို့ လည်း ရွှေဘိုအကျဉ်းထောင် ထောင်မူး က ရွှေဘိုအကျဉ်းထောင် ရှေ့ မှာ သတင်းထောက် တွေကို ပြောခဲ့ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုအကျဉ်းထောင်ဆူပူမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး အကျဉ်းသားများ၏ တောင်းဆိုချက်များကို သမ္မတ ဆီကို ဆက်လက် တင်ပြပေးသွားမယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်က ဘီဘီ စီကို ပြောပါတယ်။

ရွှေဘိုအကျဉ်းထောင်မှာ ဆူပူမှုကြောင့် ပစ်ခတ်နှိမ်နှင်းမှုကြောင့် အကျဉ်းသားတွေ ၄ဦးသေဆုံးခဲ့ပြီး ရုပ်အလောင်း တွေကိုတော့ မနေ့က အပြင်ကို သယ်ထုတ်နိုင်ခဲ့တယ်လို့လည်းသိရပါတယ်။

"ထောင်အတွင်း အရေးအခင်းဖြစ်တဲ့အခါမှာ အကျဉ်းသားတွေဆီမှာ သေစေနိုင်လောက်တဲ့ ကျွန်တော်တို့ကို သေစေနိုင်လောက်တဲ့ ချွန်ထက်တဲ့လက်နက်တွေ သူတို့ဆီမှာ ရှိနေတယ်။ လက်ရှိမှာတော့ အကျဉ်းထောင်ထဲက အမျိုးသားဆောင်တွေကို တုတ်၊ဓား၊လက်နက်တွေ ရှာဖွေသိမ်းဆည်းနေပါတယ်။ အကျဉ်းထောင်ထဲကနေ လူမှုကွန်ယက်စာမျက်နှာမှာ တိုက်ရိုက်လွှင့်ခဲ့တဲ့ဖုန်းကိုတော့ သိမ်းဆည်းထားပြီးပြီ။ အဲဒီဖုန်းက အကျဉ်းထောင်ဝန်ထမ်းကနေ အကျဉ်းသားကိုနားလည်မှုနဲ့ရောင်းခဲ့တယ်လို့ သိရတယ်။ လက်ရှိတော့ စစ်ဆေးမေးမြန်းတာတွေ လုပ်နေပါတယ်။ အကျဉ်းထောင်ဝန်ထမ်းကိုလည်း အရေးယူဆောင်ရွက် ထားပါတယ်။ ထောင်တွင်းဆူပူမှုဖြစ်စဉ်မှာ ဦးဆောင်တဲ့သူ လေးငါးဦးကို ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားဖို့ရှိပါတယ်။ လက်ရှိမှာတော့ အကျဉ်းထောင်က ငြိမ်သက်အေးချမ်းသွားပြီဖြစ်ပါတယ်။ အဲဒီလို ငြိမ်သက်သွားဖို့အတွက် ပထမမှာ အေးအေးဆေးဆေး ပြောဆိုပါတယ်။ နောက်တော့မရတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ကျွန်တော်တို့ဆီကဝန်ထမ်းတွေနဲ့ ပူးပေါင်းပြီး ခြောက်လန့်ပစ်ခတ်ပြီး တည်ငြိမ်အောင်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ နောက်ထပ် ဆူပူမှုထပ်ပြီးမဖြစ်စေဖို့အတွက် ကျွန်တော်တို့ပုံမှန်အလုပ်တွေကိုလုပ်ဆောင်သွားမယ်။ ဆူပူမှုကိုဦးဆောင်ခဲ့တဲ့ခေါင်းဆောင်တွေကို အရေးယူလိုက်ရင် တည်ငြိမ်သွားမှာပါ"ဟု ရွှေဘိုအကျဉ်းထောင်မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ထွန်းက ပြောကြားသည်။

လက်ရှိအချိန်တွင် ရွှေဘိုအကျဉ်းထောင်ကို လုံခြုံရေးတိုးမြှင့်ချထားပြီး အကျဉ်းထောင်အတွင်းရှိ အမျိုးသားဆောင်များကို တုတ်၊ဓား၊လက်နက်များ ရှာဖွေသိမ်းဆည်းလျက်ရှိပြီး ထောင်ဝင်စာတွေ့ဆုံမှုကို မေ ၁၀ ရက်တွင် ပြန်လည်ခွင့်ပြုပေးခဲ့ပြီဖြစ်ကာ အချုပ်သားတရားခံများကိုလည်း သတ်မှတ်ရက်များတွင် ပြန်လည်ရုံးထုတ်သွားမည်ဖြစ်ကြောင်း ရွှေဘိုအကျဉ်းထောင်မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ထွန်းက ဆက်လက်ပြောကြားသည်။

စစ်ကိုင်းတိုင်ဒေသကြီးရှိ ရွှေဘိုအကျဉ်းထောင်ဆူပူမှုဖြစ်စဉ်တွင် ရဲတပ်ဖွဲ့၏ပစ်ခတ်မှုကြောင့် အကျဉ်းသားလေးဦး သေဆုံးခဲ့ပြီးနောက် မေ ၉ ရက် မွန်းလွဲပိုင်းတွင် ရဲတပ်ဖွဲ့က သေနတ်အချက်ပေါင်း ၃၀ ဝန်းကျင်ခန့်ပစ်ခတ်၍လူစုခွဲခဲ့ပြီး ညနေပိုင်းတွင် ညှိနှိုင်းဆွေးနွေးမှုများအရ တည်ငြိမ်သွားခဲ့ပြီးနောက် အကျဉ်းသားများ၏ တောင်းဆိုချက်များကို သက်ဆိုင်ရာလွှတ်တော်သို့ တင်ပြပေးသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြောကြားထားသည်။

BBC Burmese
https://www.bbc.com/burmese
အကျဉ်းသားကိုဖုန်း ရောင်းတဲ့ ရွှေဘိုထောင်ဝန်ထမ်းကို ဖမ်းပြီးစစ် ဆေး အကျဉ်းသားကိုဖုန်း ရောင်းတဲ့ ရွှေဘိုထောင်ဝန်ထမ်းကို ဖမ်းပြီးစစ် ဆေး Reviewed by THITHTOOLWIN on 18:31 Rating: 5
Powered by Blogger.