အမြန်လမ်းမကြီး မိုင်တိုင် ၂၅၈ /၅ အနီးယာဉ်တိုက်မှုဖြစ်ပွား၍ လူနှစ်ဦးသေဆုံးပြီး သံဃာတော် တစ်ပါးနှင့် လူ ၇ ဦးဒဏ်ရာရရှိ


ပျော်ဘွယ် မေ ၂၆

မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၅၈ /၅အနီး
တွင် နံနက် ၃ နာရီ ၄၀ မိနစ် က ယာဉ်တိုက်မှုဖြစ်ပွား၍ နှစ်ဦးသေဆုံးပြီး သံဃာတော် တစ်ပါး
နှင့် လူ ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ နေပြည်တော်မှ မန္တလေးဘက်သို့ယာဉ်မောင်းသန်းထွန်းနိုင် ၄၇ နှစ်မောင်းနှင်နေသော ယာဉ်အမှတ် YGN 8M /----- Light Truck အဖြူရောင် အား လားရာတုမှ ယာဉ်မောင်း မင်းဟိန်းထွဋ် ၂၄ နှစ် မောင်းနှင်လာသည့် ယာဉ်အမှတ်YGN 6M /----- SCANIA အဖြူရောင် Famous ခရီးသည်ယာဉ်မှ အရှိန် မထိန်းနိုင်ဘဲနောက် မှ ဝင်တိုက်မိခြင်းဖြစ်သည်။ ယာဉ်တိုက်မှုကြောင့် Famous ခရီးသည်ယာဉ်ပေါ်မှခရီးသည်များထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ Light Truck ယာဉ်ပေါ်တွင်လိုက်ပါလာသည့်အမျိုးသမီး ၂ ဦး သေဆုံးခဲ့ပြီး ယာဉ်မောင်းအပါအဝင် လူ ၇ ဦးနှင့် သံဃာတော် တစ်ပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ အဆိုပါ ယာဉ်တိုက်မှုနှင့်ပတ်သက်၍ ယာဉ်မောင်း မင်းဟိန်းထွဋ် အား ပေပင်လေး အမြန်လမ်းမကြီးရဲစခန်းက အမှုဖွင့်အရေးယူ ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။


ချမ်းသာ (မိတ္ထ်ီလာ )
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
အမြန်လမ်းမကြီး မိုင်တိုင် ၂၅၈ /၅ အနီးယာဉ်တိုက်မှုဖြစ်ပွား၍ လူနှစ်ဦးသေဆုံးပြီး သံဃာတော် တစ်ပါးနှင့် လူ ၇ ဦးဒဏ်ရာရရှိ အမြန်လမ်းမကြီး မိုင်တိုင် ၂၅၈ /၅ အနီးယာဉ်တိုက်မှုဖြစ်ပွား၍ လူနှစ်ဦးသေဆုံးပြီး သံဃာတော် တစ်ပါးနှင့် လူ ၇ ဦးဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 01:59 Rating: 5
Powered by Blogger.