ဓနုဖြူတွင်ဆိုင်ကယ်မှ ဆိုက္ကားအားဝင်ရောက်တိုက်မိရာ ၂ ဦးသေဆုံး ၁ ဦး ဒဏ်ရာရ


ဓနုဖြူ မေ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့ အမှတ် (၁၇)ရပ်ကွက်၊ (၁၁)လမ်းထိပ်တွင် မေ ၂၃ရက်၊ နံနက် ၁၂း၁၅ နာရီခန့်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ စက္ကော့ကျေးရွာဘက်မှ ဓနုဖြူဘက်သို့ တောင်မှ မြောက်မောင်းနှင်လာသော ဆိုင်ကယ်နံပါတ်ပြားမပါ အမည်မသိ(အမည်စုံစမ်းဆဲ) မှ ယာဉ်ကြောတူရှေ့မှ သိန်းဇော် စီးနင်းပြီးနောက်တွင် နိုင်လင်းဦးလိုက်ပါသောဆိုက္ကားအား အရှိန်မထိန်းနိုင်ဘဲနောက်မှ ဝင်ရောက်တိုက်မိရာဆိုင်ကယ်နှင့် ဆိုက္ကား ၂ စီးစလုံးလဲကျတိမ်းမှောက်ကာအမည်မသိ ဆိုင်ကယ်မောင်းသူမှာနေရာတွင်ပင် သေဆုံးခဲ့ပြီးသိန်းဇော်မှာလည်း မြို့နယ်ပြည်သူ့ဆေးရုံအရောက်တွင်သေဆုံးသွားခဲ့သည်။

ဆိုက္ကားနောက်မှ လိုက်ပါစီးနင်းသူ နိုင်လင်းဦးတွင်လည်း ယာဘက်ရင်ဘက်နာကျင်ဒဏ်ရာ၊ ယာခြေသလုံးဖူးရောင်၊ ပေါက်ပြဲဒဏ်ရာစိုးရိမ်ရရှိခဲ့သဖြင့် တရားခံအားဓနုဖြူမြို့မ ရဲစခန်းမှအမှုဖွင့်အရေးယူထားကြောင်းသိရသည်။

အောင်သူဟိဏ်း(ဓနုဖြူ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဓနုဖြူတွင်ဆိုင်ကယ်မှ ဆိုက္ကားအားဝင်ရောက်တိုက်မိရာ ၂ ဦးသေဆုံး ၁ ဦး ဒဏ်ရာရ ဓနုဖြူတွင်ဆိုင်ကယ်မှ ဆိုက္ကားအားဝင်ရောက်တိုက်မိရာ ၂ ဦးသေဆုံး ၁ ဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 07:22 Rating: 5
Powered by Blogger.