မွေးကာစကလေးငယ်ကို ကယ်ခဲ့တဲ့ ထိုင်းတိရစ္ဆာန်ကုဆရာဝန်ကို လူမှုကွန်ရက်မှာ ချီးကျူးနေကြ

Photo- The Nation
မွေးကာစကလေးငယ်တစ်ယောက်ကို ကယ်ခဲ့တဲ့ တိရစ္ဆာန်ကုဆရာဝန်တစ်ယောက်ကို ထိုင်းတွေက လူမှုကွန်ရက်မှာ ချီးကျူးဂုဏ်ပြုနေကြပါတယ်။

ရွှေ့ပြောင်းလုပ်သားတွေရဲ့ ကလေးငယ်ကို တနင်္ဂနွေနေ့က ဘန်ကောက်မှာရှိတဲ့ တလင်ချန်မှာ မွေးခဲ့တာပါ။

ဆေးရုံသွားဖို့ ကားငှားနေတာမရတဲ့နောက် ကလေးရဲ့အမေက လမ်းပေါ်မှာ မွေးတော့မယ်ဆဲဆဲ ဖြစ်နေတာကို အဲဒီနေရာနဲ့ မနီးမဝေးမှာရှိနေတဲ့ တိရစ္ဆာန်ကုဆရာဝန် ၀ါရီ လင်ရမ်ဆူခိုက သိရတဲ့နောက် အဲဒီနေရာကိုသွားပြီး အသက်မရှူသေးဘဲ ပြာနှမ်းနေတဲ့ကလေးငယ်နဲ့ မိခင်တို့ကိုကူညီခဲ့ပါတယ်။

အချင်းနဲ့ချိတ်နေသေးတဲ့ကလေးကို သူ့ဆေးခန်းခေါ်လာပြီး ကလေးရဲ့အသက်ရှူလမ်းကြောင်းထဲက အရည်တွေကိုစုပ်ထုတ်ခဲ့သလို ပန်းရောင်ပြန်သမ်းလာတဲ့အထိ အောက်ဆီဂျင်ပေးခဲ့ပါတယ်။

အဲဒီနောက် ကလေးငယ်က ကိုယ်တိုင်အသက်ရှူနိုင်ပြီး အော်ငိုနိုင်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ကလေးနဲ့မိခင်ကို အနားမှာရှိတဲ့ဆေးရုံတစ်ရုံမှာ တင်နိုင်ခဲ့ပါတယ်။

Min K Wg ဆိုတဲ့အကောင့်နဲ့ ထိုင်းဖေ့စ်ဘွတ်သုံးသူတစ်ယောက်က အဲဒီဖြစ်ရပ်ကို ဗီဒီယိုရိုက်ပြီး ဖေ့စ်ဘွတ်မှာ ပြန်မျှဝေခဲ့ပါတယ်။

တင်ပြီး ၁၄ နာရီအကြာမှာ Likeလုပ်ထားတဲ့လူ ၁၇၀၀၀၀ ကျော်ရှိပြီး လူ ၁၂၇၈၈၂ ယောက်က ပြန်ဝေမျှခဲ့ပါတယ်။

Kanpirom Kanesom Numtal ဆိုတဲ့ဖေ့စ်ဘွတ်အကောင့်က “ကလေးလေးကို ကယ်ခဲ့တဲ့ ဆရာဝန်မချောချောလေးကို ကျေးဇူးတင်ပါတယ်”လို့ မှတ်ချက်ပြုထားပြီး Pon Chareontoဆိုတဲ့ အကောင့်ကတော့ “အံ့သြစရာကောင်းလိုက်တာ။ ကလေးလေး အသက်ရှင်ပါစေလို့ ဆုတောင်းနေတာ။ ကျေးဇူးပါဒေါက်တာရေ”လို့ မှတ်ချက်ပြုထားသလို Jeab Mattanaဆိုတဲ့အကောင့်ကတော့ “ကလေးလေးအသက်ရှင်ပါစေလို့ ဆုတောင်းနေတာ။ ဆရာဝန်မလေးက ချောလည်းချောတယ်။ စိတ်ကောင်းလည်းရှိတယ်။ တက္ကဆီတွေလိုမဟုတ်ဘူး”လို့ မှတ်ချက်ပြုထားပါတယ်။

ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ