သံတွဲမြို့နယ် မြပြင်ရပ်ကွက်အုပ်ချုပ်ရေးမှူး နိုင်ငံရေးပါတီတစ်ခုသို့ ၀င်ရောက်ရန် နုတ်ထွက်စာတင်

Photos - ဦးမြင့်ဇော်

နိရဉ္စရာ၊ မေ ၂၇/ ၂၀၁၉

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီမြို့မှ မြပြင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်သည် တာဝန်မှ နုတ်ထွက်ခွင့်ပြုရန် မြို့နယ်အုပ်ချုပ်ရေးမှူးထံ ယနေ့ မေလ ၂၇ ရက်နေ့တွင် စာတင်လိုက်ကြောင်း သိရသည်။

ဦးမြင့်ဇော်သည် နိုင်ငံရေးပါတီတစ်ခုတွင် ဝင်ရောက်ပြီး ပါတီကိစ္စရပ်များကို ဆောင်ရွက်ရန် စီစဉ် ဆုံးဖြတ်ထားသည့်အတွက် ယနေ့မှစ၍ မြပြင်ရပ်ကွက်၏အုပ်ချုပ်ရေးမှူးတာဝန်မှ နုတ်ထွက်ခွင့်ပြုရန် မြို့နယ်အုပ်ချုပ်ရေးမှူးထံတင်ပြလိုက်သည့်စာတွင် တောင်းဆိုထားသည်ကိုတွေ့ရသည်။
Photos - ဦးမြင့်ဇော်

"နိုင်ငံရေးပါတီတစ်ခုလို့ပဲ ပြောချင်ပါတယ်။ အတိအကျတော့ မပြောချင်သေးဘူး။ အဲဒီပါတီကိုဝင်ပြီး နိုင်ငံရေးအလုပ်ကိုပဲ လုပ်ချင်တော့တဲ့အတွက် အခုလို နုတ်ထွက်ခွင့်တင်လိုက်တာဖြစ်ပါတယ်"ဟု ဦးမြင့်ဇော်က နိရဉ္စရာကိုပြောသည်။

ဦးမြင့်ဇော် တာဝန်မှနုတ်ထွက်လိုက်ပြီးနောက် ရပ်ကွက်တွင်း အုပ်ချုပ်ရေးတာဝန်ကို သူနှင့် အုပ်ချုပ်ရေးမှူးဝင်ရောက်ယှဉ်ပြိုင်ခဲ့စဉ်က ရပ်ကွက်တွင်းမှ ဒုတိယမဲအများဆုံးရရှိသူက တစ်လ ယာယီတာဝန်ယူမည်ဖြစ်ပြီး တစ်လကျော်လွန်ပါက မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၏အဆုံးအဖြတ်အတိုင်း ရွေးကောက်ပွဲကျင်းပကာ အုပ်ချုပ်ရေးမှူးအသစ်ရွေးချယ်ရမည်ဖြစ်ကြောင်း သိရသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး သံတွဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်သန်းအား နိရဉ္စရာ ဆက်သွယ်မေးမြန်းရာ သူက "ကျနော့်ဆီကို စာတော့ မရောက်သေးဘူး။ ရောက်လာခဲ့ရင်လည်း ကျနော်တို့ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ရပ်/ကျေးဥပဒေမှာပါတဲ့အတိုင်းပဲ ဆောင်ရွက်သွားပါ့မယ်။"ဟု ပြန်လည်ဖြေကြားသည်။

ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးသည် မိမိသဘောဆန္ဒအလျောက် နုတ်ထွက်လိုက နုတ်ထွက်ခွင့်ရှိသည်ဟု ရပ်/ကျေးဥပဒေတွင်ပြဋ္ဌာန်းထားကြောင်းလည်း သိရသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးတာဝန်မှ နုတ်ထွက်စာတင်လိုက်သည့် ဦးမြင့်ဇော်သည် ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့အချိန်ထိ မြပြင်ရပ်ကွက်တွင် အုပ်ချုပ်ရေးမှူး တာဝန်ကို ကျေပြွန်စွာထမ်းဆောင်ခဲ့သလို ရပ်ကွက်တွင်းဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူမှုရေးလုပ်ငန်းများကိုလည်း အားကြိုးမာန်တက်လုပ်ဆောင်ခဲ့သူဖြစ်ကြောင်း ရပ်ကွက်သားများက ပြောသည်။

မာန်ယုကျော် (ရွှေဝမြေ)
Narinjara
https://www.facebook.com/Narinjara

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ