အမေရိကန် နိုင်ငံ က နိုင်ငံ မှ ဗင်နီဇွဲလား နိုင်ငံ သို့ ပျံသန်း သည့် လေကြောင်း ခရီးစဉ်များ အား ရပ်ဆိုင်းရန် အမိန့်ထုတ်ပြန်

အမေရိကန် နိုင်ငံ ဝါရှင်တန် မြို့ ရှိ လေဆိပ် သို့ ဆင်းတက်နေသည့် လေယာဉ် တစ်စင်း အား မြင်တွေ့ရစဉ်(ဆင်ဟွာ)
ဝါရှင်တန် ၊ မေ ၁၆ ရက် (ဆင်ဟွာ)

    အမေရိကန် နိုင်ငံ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန က ဗင်နီဇွဲလား နိုင်ငံ အခြေအနေ က လုံခြုံရေး အား ခြိမ်းခြောက်မှု ဖြစ်စေသည် ဟု သတ်မှတ်၍ အမေရိကန် နိုင်ငံ နှင့် ဗင်နီဇွဲလား နိုင်ငံ အကြား အပြန်အလှန် ပျံသန်း သည့် အရပ်ဖက် လေကြောင်း ခရီးစဉ် များ အား ရပ်ဆိုင်းရန် မေလ ၁၅ ရက် ၌ ထုတ်ပြန် ကြေညာ ခဲ့သည်။

အမေရိကန် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန က ဗင်နီဇွဲလား နိုင်ငံ ၏ အခြေအနေ မှာ လေယာဉ် နှင့် လေကြောင်း ခရီးသည် များအပေါ် ခြိမ်းခြောက်မှု ဖြစ်ပွားစေသောကြောင့် ဗင်နီဇွဲလား သို့ ပျံသန်းနေသော ခရီးသည်တင် နှင့် ကုန်တင် လေယာဉ်များအား ချက်ခြင်း ရပ်ဆိုင်းရန် အမိန့်ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံ ဖယ်ဒရယ် လေကြောင်းဌာန က ဧပြီလ ၌ လုံခြုံရေး အား အကြောင်းပြု၍ အမေရိကန် နိုင်ငံ လေကြောင်း ကုမ္ပဏီ ၏ လေယာဉ် များအား ဗင်နီဇွဲလား နိုင်ငံ လေပိုင်နက် ၌ ပျံသန်းရာ တွင် အမြင့်ပေ ၂၆,၀၀၀ အထက် တွင်သာ ပျံသန်းရန် တောင်းဆိုမှု ပြုလုပ် ခဲ့ကြောင်း သိရှိရသည်။

(Xinhua)
http://www.xinhuamyanmar.com
အမေရိကန် နိုင်ငံ က နိုင်ငံ မှ ဗင်နီဇွဲလား နိုင်ငံ သို့ ပျံသန်း သည့် လေကြောင်း ခရီးစဉ်များ အား ရပ်ဆိုင်းရန် အမိန့်ထုတ်ပြန် အမေရိကန် နိုင်ငံ က နိုင်ငံ မှ ဗင်နီဇွဲလား နိုင်ငံ သို့ ပျံသန်း သည့် လေကြောင်း ခရီးစဉ်များ အား ရပ်ဆိုင်းရန် အမိန့်ထုတ်ပြန် Reviewed by THITHTOOLWIN on 10:45 Rating: 5
Powered by Blogger.