နယ်စပ်မှာ လူကုန်ကူးမှုများနေဆဲလို့ ရဲမှူး ပြော

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ လူကုန်ကူးမှုနဲ့ပတ်သက်လို့ အသိပညာပေး ဟောပြောပွဲကို ၂ဝ၁၉ ခုနှစ် မေလ ၂၄ ရက်နေ့က ပြုလုပ်ခဲ့စဉ် / Photo: Ye Htet/RFA
တရုတ်-မြန်မာနယ်စပ်မှာ လူကုန်ကူးမှုတွေ လျော့ကျမသွားဘဲ ပိုများလာတယ်လို့ မူဆယ်ခရိုင် လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့က ရဲမှူး ကျော်ညွန့်က ဒီနေ့ ပြောပါတယ်။

လူကုန်ကူးမှုတွေ အဖြစ်များတဲ့ တရုတ် - မြန်မာနယ်စပ် နန်းတော်ဂိတ်မှာ လူကုန်ကူးမှုအသိပညာပေး လုပ်ငန်းကို မူဆယ်ခရိုင်တာဝန်ရှိသူတွေနဲ့ လူမှုအဖွဲ့အစည်းတွေ ပူးပေါင်းပြီး ဒီနေ့ ကျင်းပတဲ့ပွဲမှာ ရဲမှူး ကျော်ညွန့်က ပြောခဲ့တာပါ။

တရုတ်နယ်စပ်မှာ လူကုန်ကူးခံရသူအများစုဟာ မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ အောက်ပိုင်းဒေသတွေကဖြစ်ပြီး စီးပွားရေးမပြေလည်တာကြောင့် ရောင်းစားခံရသူတွေ များတယ်လို့ ပြောကြပါတယ်။

တရုတ်-မြန်မာနယ်စပ် နန်းတော်ဂိတ်မှာ မူဆယ်ခရိုင်အဆင့်နဲ့ လူမှုအဖွဲ့အစည်းတွေ ပူးပေါင်းပြီး ဒီနေ့ အသိပညာပေး ဆိုင်းဘုတ်တွေစိုက်ထူတာ၊ ဟောပြောတာတွေ လုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။

နယ်စပ်မှာ လူကုန်ကူးမှုခံရသူအများစုဟာ ရန်ကုန်တိုင်းကဖြစ်ပြီး အများစုက မိန်းကလေးတွေဖြစ်သလို လူကုန်ကူးတဲ့ ပွဲစားတွေကလည်း အမျိုးသမီးအများစုဖြစ်တယ်လို့ ရဲမှူး ဦးကျော်ညွန့်က ပြောပါတယ်။

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ လူကုန်ကူးမှုနဲ့ပတ်သက်လို့ အသိပညာပေးလုပ်ငန်းတွေလုပ်တာ ဒီတစ်ကြိမ်နဲ့ဆိုရင် သုံးကြိမ်ရှိပြီလို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုရဲထက် ပေးပို့တာပါ။

RFA Burmese
https://www.rfa.org

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ