ဖခင်ကို တူမီးဖြင့် ပစ်သတ်ပြီး ထွက်ပြေးနေသည့် သားဖြစ်သူကို တစ်ရက်အကြာတွင် ဖမ်းမိ


တာချီလိတ် မေ ၂၇

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ် မိုင်းခုတ်မြို့ နားပေါ်ကျေးရွာတွင် မေ ၂၅ ရက်က အသက် (၆၉)နှစ်အရွယ် ဖခင်အား သားဖြစ်သူက တူမီးသေနတ်ဖြင့် ပစ်ခတ်ခဲ့မှုဖြစ်ပွားပြီး နောက်ထွက်ပြေးတိမ်းရှောင်သွားသူအဆိုပါလူငယ်အား မေ ၂၆ ရက်တွင် ဖမ်းဆီးရမိကြောင်းသိရသည်။

မိုင်းခုတ်မြို့ မိုင်းနင်းကျေးရွာအုပ်စုနားပေါ်ကျေးရွာတွင် အသက် (၂၉)နှစ်အရွယ်ဒါရီနှင့်အသက်(၆၉)နှစ်အရွယ်ဖခင်ဖြစ်သူ ဦးရှဲချင်မီတို့စကားများရန်ဖြစ်ရာမှသားဖြစ်သူကတူမီးသေနတ်ဖြင့် ပစ်ခတ်လိုက်သဖြင့်ဖခင်ဖြစ်သူမှာဝမ်းဗိုက်တွင်ရရှိသည့်ဒဏ်ရာဖြင့်အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဖခင်ဖြစ်သူအားသေနတ်ဖြင့်ပစ်ခတ်ပြီးထွက်ပြေးတိမ်းရှောင်သွားသူ ဒါရီအား မေ ၂၆ ရက် နံနက်(၁၀)နာရီခွဲ ဝန်းကျင်တွင် မိုင်ခုတ်မြို့ ရဲတပ်ဖွဲ့ဝင်များမှပြန်လည်ဖမ်းဆီးရမိပြီး ရဲစခန်းတွင်အမှုဖွင့်လှစ်ကာစစ်ဆေးလျှက်ရှိကြောင်းသိရှိရသည်။

ခရိုင်(ပြန်ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဖခင်ကို တူမီးဖြင့် ပစ်သတ်ပြီး ထွက်ပြေးနေသည့် သားဖြစ်သူကို တစ်ရက်အကြာတွင် ဖမ်းမိ ဖခင်ကို တူမီးဖြင့် ပစ်သတ်ပြီး ထွက်ပြေးနေသည့် သားဖြစ်သူကို တစ်ရက်အကြာတွင် ဖမ်းမိ Reviewed by THITHTOOLWIN on 23:57 Rating: 5
Powered by Blogger.