ကွတ်ခိုင်မြို့၌ ဖုန်းအားသွင်းထားရာမှ မီးလောင်မှုဖြစ်၊ နှစ်ဦးသေဆုံး



Share/Bookmark

ကွတ်ခိုင် ၇ မေ

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့ မြို့မဈေးအနီးရှိ စေတနာ ဖုန်းအရောင်းဆိုင်နှင့် မြတ်သူဇာ ကုန်စုံဆိုင်၌ ယနေ့ နံနက် ၄ နာရီ ၃၆ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး နှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။


မီးလောင်မှုသည် ဖုန်းအရောင်းဆိုင်ပိုင်ရှင် ဦးစိုင်းလှိုင်ဝမ်း၏ ညီဖြစ်သူ စိုင်းစံ(၃၇နှစ်)မှာ ဆိုင်အတွင်းရှိ ပလပ်ပေါက်မှ ဖုန်းအားသွင်းထားရာမှ ရှော့ဖြစ်ကာ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ရာ စေတနာဖုန်းဆိုင်ရှေ့တွင် ရပ်ထားသော Crown အဖြူရောင် (လိုင်စင်စိစစ်ဆဲ)နှင့် Mitsubishi အနက်ရောင်ယာဉ် (လိုင်စင်စိစစ်ဆဲ)တို့အား မီးကူးစက်လောင်ကျွမ်းခဲ့ပြီး ၄င်းနှင့်ကပ်လျက်ရှိသော ဦးစိုင်းထွန်း၏ တောင်ပေါ်သူ Mobile အမည်ရှိ ဖုန်းအရောင်းဆိုင်ကို ကူးစက်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


အဆိုပါ မီးလောင်မှုကြောင့် ဦးစိုင်းလှိုင်ဝမ်း၏ ညီဖြစ်သူ စိုင်းစံ(၃၇)နှစ်နှင့် ဦးစိုင်းထွန်း၏ သမီးဖြစ်သူ မခင်နှင်း (၂၉)နှစ်တို့ နှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။


မီးလောင်မှုဖြစ်ပွားရာသို့ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ နံနက် ၆ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။


မိုင်းညီ(ကွတ်ခိုင်)
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/

Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့ ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ