PNA ပြည်​သူ့စစ်​တပ်​သားတစ်​ဦးက ကိုရင်ဝတ်မယ့်​​ကျောင်းသား ​​​​ကိုရင်ေ​လာင်း နှစ်​ဦးကိုပစ်​သတ်​မှုဖြစ်​ပွား


ဧပြီလ ၁၊ ၂၀၁၉

ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် တဘက်ကျေး ရွာအုပ်စု မဲဟဲရွာဘုန်းတော်ကြီးကျောင်းတွင် မကြာမှီရှင်ပြုတော့မည့် ကိုရင်​​လောင်း​နှစ်ဦးကို PNA ပြည်သူ့စစ်တပ်သား​​​​တစ်ဦးက သေနတ် ဖြင့်​ပစ်သတ်မှုဖြစ်ပွားခဲ့ကြောင်း ဧပြီ ၁ ရက်နေ့တွင်သိရ သည်။

ရွာအတွင်းတွင်​ပြဿနာရှာပြီး ဘုန်းကြီး​ကျောင်း ကိုတက်​တာ ပြဿနာရှာကာ ဘုန်းကြီးကတားမြစ်​သည့်​ကြားက ​သေနတ်​ဖြင့်​ ပစ်​ခတ်​မှုဖြစ်​ပွား ပြီးကိုရင်​​လောင်း နှစ်​ဦး​သေနတ်​ထိမှန်​ ပွဲချင်းပြီး​သေဆုံးသွား ​ကြောင်းသိရသည်​။

``မနေ့ကသူမူးနေလား ရူးနေလားတော့မသိဘူး ဦးဇင်းအနေနဲ့ ပြောရရင် စစ်သားကစစ်သာနဲ့တူရမယ် လူထုကြားမှာ သေနတ်နဲ့ စစ်ဝတ်စုံနဲ့ မသင့်တော်ဘူး ခြံလုပ်တဲ့တောင်သူကလည်း ခြံလုပ်တဲ့ ​တောင်သူနဲ့တူရမယ် ဈေးသွားတဲ့ခါ ပွဲသွားတဲ့ခါ ခြံလုပ်တဲ့ဝတ်စုံနဲ့ ခြံလုပ်ဖို့ ပေါက်ပြားတို့ပစ္စည်းတို့နဲ့ဆိုရင် မသင့်တော်သလိုပေါ့ သေနတ်ကိုင်တယ်ဆိုတာ ရန်သူကိုကာကွယ်ဖို့ ရန်သူကိုတိုက် ခိုက်ဖို့အတွက်လေ ခုလိုတော့မဖြစ်သင့်ဘူးပေါ့´´ဟုမဲဟဲကျောင်း ထိုင်ဆရာတော် ဦးနေရိန္ဒ မိန့်တော်မူသည်။

ထိုလူသည်​ သူ့မိန်းမနှင့်​ ရန်ဖြစ်တိုင်းလည်း ရွာထဲတွင်​ သေနတ် ဖောက်လေ့ရှိ​ကြောင်း ဘုန်းကြီး​ကျောင်းတွင်​အစည်းအ​ဝေးပြုလုပ်​စဉ်​ ဆရာ​တော်​ကဆုံးမဖူးသည့်​အတွက်​ ဘုန်းကြီးကိုမ​ကျေနပ်​မှုဖြစ်​သည်​ဟု ​ဒေသခံများက ယူဆကြသည်​။

`` PNAအဖွဲ့ကလူကြီးတွေအနေနဲ့ ဒီကိစ္စနဲ့ပက်သက်ပြီး ကျွန်တော် တို့ကိုလာတွေ့စေချင်တယ် သူတို့ဆီသွားဖို့က ဘယ်လိုသွားရမလဲ ဆိုတာ မသိဘူးအခက်ခဲရှိတယ် သေဆုံးသွားတဲ့ကလေးမိဘတွေကို ကူညီမှုတွေလုပ်ပေးဖို့ ပြီးတော့နောက်ထပ်မဖြစ်ဖို့ တာဝန်ယူ ပေးစေချင်တယ်´´ နောင်ကျောကျေးရွာအုပ်စု လုံးဖိုးရွာသူကြီး ခွန်စိန်မှ ဟုပြောသည်။

ထိုကိစ္စနှင့်​ပတ်​သက်​ပြီး PNA ပြည်​သူ့စစ်​ စစ်​ဦးစီး ချုပ်​ ဗိုလ်​မှူး ​ဇော်​ပျံက``ဥပ​ဒေ အတိုင်းဘဲ သွားရမှာ​ပေါ့´´ဟု​ပြောသည်​။

ပြည်​သူ့စစ်​ တပ်​သား(အွိုင်း)အဖွဲ့ ဝင်​ ဖြားဖွား​သည်​ ဆီဆိုင်​ရဲတပ်​ဖွဲ့က ဖမ်းဆီးလိုက်​ပြီဖြစ်​​ကြောင်းသိရသည်​။

သေဆုံးသူကလေးငယ်သည်​ လုံးဖိုးရွာနေ ခွန်ဖြူ၏သား ခွန်ကျော်သန်း အသက် ၈ နှစ်နှင့် ခွန်ဆွယ်၏သား ခွန်ကျော်လေး အသက်( ၈) နှစ် ​ကျောင်းသားများဖြစ်​​ဖြစ်ကြောင်း ကျူးလွန်​သူ PNA (အွိုင်း) အဖွဲ့ဝင် ဖြားဖွားအား တဘက်အုပ်စု PNA(အွိုင်း)အဖွဲ့နှင့် ဆီဆိုင်မြို့ နယ် ရဲတပ်ဖွဲ့တို့မှ ပူးပေါင်းဖမ်းဆီးပြီး ဆီဆိုင်မြို့မ ရဲစခန်းတွင် ပုဒ်မ ၃၀၂ နှင့်အမှုဖွင့်ထားကြောင်း သိရသည်။

သတင်း - နန်းခမ်း​ဟေမာန်
The People's Voice - ခမ်းသားငေါဝ်း
https://www.facebook.com/KhamSarNgor
PNA ပြည်​သူ့စစ်​တပ်​သားတစ်​ဦးက ကိုရင်ဝတ်မယ့်​​ကျောင်းသား ​​​​ကိုရင်ေ​လာင်း နှစ်​ဦးကိုပစ်​သတ်​မှုဖြစ်​ပွား PNA ပြည်​သူ့စစ်​တပ်​သားတစ်​ဦးက ကိုရင်ဝတ်မယ့်​​ကျောင်းသား ​​​​ကိုရင်ေ​လာင်း နှစ်​ဦးကိုပစ်​သတ်​မှုဖြစ်​ပွား Reviewed by THITHTOOLWIN on 08:57 Rating: 5
Powered by Blogger.