ပါတီအပေါ် သစ္စာမဖောက်ဖို့ NLD ဒုဥက္ကဋ္ဌ ပြော

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို ၂ဝ၁၉ ခုနှစ် မတ်လ ၃၁ ရက်နေ့က မန္တလေးမြို့ ရှမ်းတိုင်းရင်းသားအသင်းရုံးမှာ ကျင်းပတဲ့ အစိုးရ၊ လွှတ်တော်နဲ့ ပါတီ တွေ့ဆုံပွဲမှာ တွေ့ရစဉ် / Photo: Khaymani Win‎/RFA
ပါတီအပေါ် သစ္စာမဖောက်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ၂ ဖြစ်တဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပါတီကိုယ်စားလှယ်တွေနဲ့ ပါတီဝင်တွေကို ဒီနေ့ သတိပေးလိုက်ပါတယ်။

မန္တလေးမြို့ ရှမ်းတိုင်းရင်းသားအသင်းရုံးမှာ ဒီနေ့ ကျင်းပတဲ့ မန္တလေးတိုင်း အစိုးရ၊ လွှတ်တော်နဲ့ ပါတီ တွေ့ဆုံပွဲမှာ ဒေါက်တာဇော်မြင့်မောင်က ပြောလိုက်တာပါ။

ဒါ့အပြင် ပါတီကိုယ်စားလှယ်တွေ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တာဟာ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှိန်အ၀ါကြောင့်ဖြစ်တယ်ဆိုတာကို မမေ့ဖို့လည်း သတိပေးခဲ့ပါတယ်။

NLD ပါတီ အစိုးရ၊ လွှတ်တော်နဲ့ ပါတီတာဝန်ရှိသူတွေ တွေ့ဆုံပွဲကို တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ကျင်းပနေ တာဖြစ်ပြီး မန္တလေးမြို့မှာ ဒါပထမဆုံး အကြိမ်ဖြစ်ပါတယ်။

NLD ပါတီဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးအတိုင်းအတာအရ အစိုးရဖွဲ့နိုင်တဲ့အထိ အနိုင်ရရှိခဲ့ပြီး မန္တလေးတိုင်းလွှတ်တော်မှာ ရွေးကောက်ခံ လွတ်တော် ကိုယ်စားလှယ် ၅၇ ဦးရှိရာမှာ NLD ကိုယ်စားလှယ် ၄၈ ဦးအထိပါဝင်နိုင်ခဲ့ကာ တပ်မတော်သား ကိုယ်စားလှယ် ၁၉ ဦး ရှိပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ၈ ဦးရှိကာ ဒီမိုကရက်တစ်ပါတီက ၁ ဦးရှိပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မခေမဏီဝင်း ပေးပို့တာပါ။

RFA Burmese
https://www.rfa.org/burmese
ပါတီအပေါ် သစ္စာမဖောက်ဖို့ NLD ဒုဥက္ကဋ္ဌ ပြော ပါတီအပေါ် သစ္စာမဖောက်ဖို့ NLD ဒုဥက္ကဋ္ဌ ပြော Reviewed by THITHTOOLWIN on 07:39 Rating: 5
Powered by Blogger.