Mozambique ဆိုက်ကလုန်း အိမ်ခြေ ၃၅၀၀ ခန့်ပျက်စီး

ဆိုင်ကလုန်း မုန်တိုင်း Kenneth ကြောင့် ပျက်စီးသွားတဲ့ နေအိမ်တချို့ (ဧပြီ၊ ၂၆၊ ၂၀၁၉)
ကြာသပတေးနေ့ နှောင်းပိုင်းတုန်းက တိုက်ခတ်သွားတဲ့ ဆိုင်ကလုန်း မုန်တိုင်း Kenneth ကြောင့် ထိခိုက်ပျက်စီးမှုတွေကို စိစစ်ဖို့ အကူအညီပေးရေးအဖွဲ့တွေက စနေနေ့မှာ ဆက်လက်ကြိုးပမ်းနေကြပါတယ်။

အင်အားပြင်း ဆိုင်ကလုန်းအီဒိုင်း ဝင်ရောက်ပြီး သီတင်း ၆ပတ် အကြာမှာ နောက်ထပ် ဆိုင်ကလုန်းနဲ့ ကြုံခဲ့ရတာ ဖြစ်ပြီး မုန်တိုင်းလွန် ၂ ရက်အကြာမှာ မိုးကြီးမှုတွေကြောင့် ရေကြီးမြေပြိုမှာကို စိုးရိမ်နေကြပါတယ်။

ကြာသပတေးနေ့မှာ ဆိုင်ကလုန်း Kenneth ဝင်ရောက်ပြီးနောက်ပိုင်း ၁ နာရီကို ၁၃၇ မိုင်နှုန်းနဲ့ လေပြင်းတွေ တိုက်ခဲ့တာကြောင့် အာဖရိကတိုက် တောင်ပိုင်းဒေသခံ လူဦးရေ ၇ သိန်း နီးပါး ရေကြီး မြေပြိုမှု အန္တရာယ် စိုးရိမ်ရတဲ့အကြောင်း ကူညီရေးအဖွဲ့တွေက သတိပေးနေပါတယ်။

အပျက်အစီးတွေကို စစ်ဆေးဖို့အတွက် မိုဇမ်ဘစ်နိုင်ငံ ဆိပ်ကမ်းမြို့ဖြစ်တဲ့ Pemba ကို အရေးပေါ်လုပ်သားတွေ စနေနေ့မှာ ရောက်ရှိလာကြပါတယ်။ Cabo Delgado ပြည်နယ် မြောက်ဘက်စွန်းပိုင်းက အိမ်ခြေ ၃၅၀၀ နီးပါး ပျက်စီးသွားတယ်လို့ အာဏာပိုင်တွေက ခန့်မှန်းပါတယ်။

မိုးသည်းထန်စွာ ရွာနေတဲ့ကြားထဲမှာ ကယ်ဆယ်ရေးလုပ်သားတွေက မုန်တိုင်းသင့်ပြည်သူတွေကို ကူညီိဖို့ ခက်ခက်ခဲခဲ ကြိုးစားနေရပြီး ပျက်စီးနေတဲ့ အဆောက်အအုံတွေ၊ ဆက်သွယ်ရေး ပြတ်တောက်မှုတွေနဲ့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုတွေကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ ကြန့်ကြာနေရတယ်လို့လည်း အကူအညီပေးရေးအဖွဲ့တွေက ဆိုပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
Mozambique ဆိုက်ကလုန်း အိမ်ခြေ ၃၅၀၀ ခန့်ပျက်စီး Mozambique ဆိုက်ကလုန်း အိမ်ခြေ ၃၅၀၀ ခန့်ပျက်စီး Reviewed by THITHTOOLWIN on 09:25 Rating: 5
Powered by Blogger.