ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အရေးယူဖို့ KOA က အမေရိကန်အစိုးရကို တောင်းဆို

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပေးယိုဆီ ပေးပို့တဲ့ အမေရိကန်ရောက် ကရင်တိုင်းရင်းသားများအဖွဲ့ KOA ရဲ့ ပေးစာ။ / Photo: RFA
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အမေရိကန်အစိုးရအနေနဲ့ အရေးယူပိတ်ဆို့ဖို့ KOA ခေါ် အမေရိကန်ရောက် ကရင်တိုင်းရင်းသားများအဖွဲ့က မနေ့က တောင်းဆိုလိုက်ပါတယ်။

အဲဒီလိုတောင်းဆိုတဲ့ အိတ်ဖွင့်ပေးစာကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပေးယိုနဲ့ လွှတ်တော်အမတ်တွေဆီ ဧပြီလ ၂၄ ရက်နေ့က ပေးပို့လိုက်တယ်လို့ KOA အတွင်းရေးမှူး စောဂရယ်မူး ကပြောပါတယ်။

တိုင်းရင်းသားလူမျိုးစုတွေကို ကျူးလွန်ထားတဲ့ လူသားဖြစ်တည်မှုကို ဆန့်ကျင်တဲ့ရာဇဝတ်မှုအတွက် ကမ္ဘာကအရေးယူမှာကို မစောင့်နိုင်တော့ဘူး။ ဒီလိုအရေးယူနိုင်တဲ့ စွမ်းအားမျိုး အမေရိကန်မှာ ရှိတယ်လို့ ကျနော်တို့ယုံကြည်ပါတယ်လို့ သူကပြောပါတယ်။

ကရင်ပြည်သူတွေဟာ ၁၉၅ဝ ခုနှစ်ကတည်းက မြန်မာ့တပ်မတော်ရဲ့ ဖိနှိပ်ရက်စက်မှုတွေခံနေရသလို၊ အခုလို အရပ်သားတပိုင်းအစိုးရ လက်ထက်မှာလည်း အကြမ်းဖက်ဖိနှိပ်တာတွေခံနေရတယ်လို့ KOA ရဲ့ ပေးစာထဲမှာ ဖော်ပြထားပါတယ်။

RFA Burmese
https://www.rfa.org
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အရေးယူဖို့ KOA က အမေရိကန်အစိုးရကို တောင်းဆို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အရေးယူဖို့ KOA က အမေရိကန်အစိုးရကို တောင်းဆို Reviewed by THITHTOOLWIN on 10:27 Rating: 5
Powered by Blogger.