ပင်းတယမြို့နယ်ထဲမှာ တရားမ၀င်လက်နက်ကိုင်ဆောင်သူကို ဖမ်းဆီးရမိ


ပင်းတယ၊ ဧပြီ ၂၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့မှာ တရားမ၀င်လက်နက်ကိုင်ဆောင်သူတစ်ဦးကို ယမန်နေ့ည (ဧပြီ၂၄ ရက်) က ဖမ်းဆီးရမိခဲ့တယ်လို့ ပင်းတယမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိပါတယ်။

ပင်းတယမြို့နယ်၊ ပွေးလှကျေးရွာ၊ ဟော်ကုန်းရပ်ကွက်ရှိ ခွန်ဇော်လတ် အသက်(၄၉) နှစ် ရဲ့ နေအိမ်မှာ လက်နက်ခဲယမ်းတွေ လက်ဝယ်ထားရှိတယ်ဆိုတာကို သတင်းအရ ၀င်ရောက်ရှာဖွေရာမှ လက်နက်ခဲယမ်းမျိုးစုံ ဖမ်းဆီးရမိခဲ့တာပါ။

ခွန်ဇော်လတ် ရဲ့ နေအိမ်အတွင်းမှာ လက်ပစ်ဗုံး ၈ လုံး၊ လက်နက်ခဲယမ်း မျိုးစုံ ၄၀၈ တောင့်၊ ကျည်အိတ် ၂ ခု တို့ကို သက်သေတွေ ရဲ့မှာ ရှာဖွေသိမ်းဆည်းရမိခဲ့တာဖြစ်တယ်လို့ ပင်းတယမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရပါတယ်။

အဆိုပါ လက်နက်တွေ ဖမ်းဆီးရမိခဲ့တာနဲ့ပတ်သတ်ပြီးတော့ ခွန်ဇော်လတ် အသက် ၄၉ နှစ်ကို စစ်ဆေးထိန်းသိမ်းထားတယ်လို့လည်း ပင်းတယမြို့နယ် ရဲတပ်ဖွဲ့မှတ်တမ်းမှာဖော်ပြထားပါတယ်။

တရားမ၀င် လက်နက်ခဲယမ်းတွေနဲ့ဖမ်းဆီးရမိခဲ့တဲ့ ခွန်ဇော်လတ်ကို ပင်းတယမြို့မရဲစခန်းမှာ (ပ)၁၁၄/၂၀၁၉၊ ရှမ်းလက်နက် အမိန့် အပိုဒ် ၁၂(က) ၊ (ဂ) တို့ဖြင့် အမှုဖွင့် ဖမ်းဆီး စစ်ဆေးလျက်ရှိပါတယ်။

သတင်း - နန်းဧကရီ (ရွှေတြိဂံ)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews
ပင်းတယမြို့နယ်ထဲမှာ တရားမ၀င်လက်နက်ကိုင်ဆောင်သူကို ဖမ်းဆီးရမိ ပင်းတယမြို့နယ်ထဲမှာ တရားမ၀င်လက်နက်ကိုင်ဆောင်သူကို ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 22:32 Rating: 5
Powered by Blogger.