နိရဉ္စရာ၊ ဧပြီ ၂၃/ ၂၀၁၉
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်၊ အောင်စည်ပြင်ကျေးရွာအနီ ပင်လယ်ကမ်းစပ်တွင် ဧပြီ ၂၃ ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်တွင် အမည်မသိ အလောင်း တစ်လောင်းကို တွေ့ရှိရကြောင်း သတင်းရရှိသည်။
အဆိုပါအလောင်းအား မာန်အောင်မြို့နယ် နာရေးကူညီမှုအသင်းမှ မာန်အောင်ဆေးရုံသို့ ယူဆောင်ရန် ကားဖြင့် သွားကြောင်းသိရသည်။
“အလောင်းတစ်လောင်းတွေ့တယ်လို့ အကြောင်းကြားတယ်။ ဆေးရုံသို့ယူဖို့အတွက် မာန်အောင်မြို့နယ် ရဲတပ်ဖွဲ့ က ကျနော်တို့ နာရေးအသင်းကို အကြောင်းကြားလို့ အခု အလောင်းကိုယူရန် သွားနေတယ်။ အလောင်းက ဘယ်သူဆိုတာ မသိရသေးဘူး ဆေးရုံရောက်ပြီးမှသိရမယ်” ဟု နာရေးကူညီမှုအသင်း ကိုကျော်မိုးနိုင်မှ နိရဉ္စရာသတင်းဌာနသို့ ပြောကြားသည်။
အလောင်း၏ မျက်နာမရှိတော့ဘဲ ဦးခေါင်းခွံသာကျန်ရှိသဖြင့် မှတ်မိရန် မလွယ်ကူနိုင်ကြောင်း၊ ညနေဘက်က ရဲမှ စစ်ဆေးပြီးနောက် မေးမြန်ပြီး ပြောပြပေးမည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ပိုမိုသိရှိလိုသဖြင့် မာန်အောင်ရဲစခန်းသို့ ဆက်သွယ်ရာ ဖုန်းပိတ်ထားသဖြင့် မေးမြန်းနိုင်ခြင်း မရှိပါ။
အောင်လင်းထွန်း(မာန်အောင်)
Narinjara
https://www.facebook.com/Narinjara
မာန်အောင်ပင်လယ်ကမ်းစပ်တွင် အမည်မသိအလောင်းတွေ့ရှိ
Reviewed by THITHTOOLWIN
on
21:25
Rating:
