အစိုးရလျှို့ဝှက်ချက် အက်ဥပဒေ ပြင်ဖို့ ကုလအရာရှိတွေတိုက်တွန်း

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms.Yanghee Lee နဲ့ လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့်ဆိုင်ရာ အထူးကိုယ်စားလှယ် David Kaye
Photo: AFP
မြန်မာနိုင်ငံမှာ ပြဌာန်းထားတဲ့ ၁၉၂၃ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေကို နိုင်ငံတကာဥပဒေနဲ့ ကိုက်ညီအောင် ပြန်လည်ပြင်ဆင်ဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms.Yanghee Lee နဲ့ လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့်ဆိုင်ရာ အထူးကိုယ်စားလှယ် David Kaye တို့က မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။

ဒီဥပဒေပုဒ်မအရ တရားစွဲခံရရင် အမြင့်ဆုံးထောင်ဒဏ် ၁၄ နှစ်ထိ ချမှတ်ခံရနိုင်ပါတယ်။

အခုဆိုရင် ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ဒီပုဒ်မတွေနဲ့ ထောင်ချထားပြီး သူတို့အယူခံကိုလည်း အမြင့်ဆုံးဖြစ်တဲ့ ဗဟိုတရားရုံးချုပ်က ပယ်ချလိုက်တဲ့အတွက် ကုလသမဂ္ဂအထူးအရာရှိနှစ်ယောက်က ကြေညာချက်ထုတ်လိုက်တာပါ။

ဒီသတင်းထောက်နှစ်ယောက်ရဲ့ အယူခံပယ်ချလိုက်တဲ့ လုပ်ရပ်ဟာ ဒီမိုကရေစီနဲ့ သတင်းလွတ်လပ်ခွင့်အတွက် အမှောင်ဖုံးသွားတဲ့နေ့တနေ့ ဖြစ်သွားသလို တရားမျှတမှု ဆုံးရှုံးသွားတဲ့နေ့လည်း ဖြစ်တယ်လို့ သူတို့က ပြောလိုက်ပါတယ်။

RFA Burmese
https://www.rfa.org
အစိုးရလျှို့ဝှက်ချက် အက်ဥပဒေ ပြင်ဖို့ ကုလအရာရှိတွေတိုက်တွန်း အစိုးရလျှို့ဝှက်ချက် အက်ဥပဒေ ပြင်ဖို့ ကုလအရာရှိတွေတိုက်တွန်း Reviewed by THITHTOOLWIN on 10:00 Rating: 5
Powered by Blogger.