စစ်တွေမြို့ စက်ရုံစုရပ်ကွက်၌ မီးလောင်မှုဖြစ်


စစ်တွေ ဧပြီ ၁၉

စစ်တွေမြို့ စက်ရုံစုရပ်ကွက်၊ ကန်တော်ကြီးအကွက်၊ မေယုလမ်း၊ကျော် KTVစားသောက် ဆိုင်၌ ယနေ့နံနက် ၃၀ မိနစ်အချိန်ခန့်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းစစ်တွေမြို့နယ် မီးသတ် ဦးစီးဌာနမှသိရသည်။

မီးလောင်ကျွမ်းရာနေရာသို့ ရခိုင်ပြည်နယ် ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ပြည်နယ်မီးသတ်တပ် ဖွဲ့မှူး၊ ပြည်နယ်ကြက်ခြေနီးတပ်ဖွဲ့မှူးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ မီးငြိမ်းသတ်ယာဉ်၊ ရေသယ်ယာဉ်၊ အုပ်ချုပ်မှုယာဉ် ၁၁ စီးဖြင့် မီးငြိမ်းသတ်ခဲ့ရာနံနက် ၁ နာရီ ၃၀ မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။


စီးမီးလောင်မှုဖြစ်စဉ်မှာစက်ရုံစုရပ်ကွက်၊ ကန်တော်ကြီးအကွက်၊ မေယုလမ်းနေဦးအောင်မြင့်ဇော်၏ကျော် KTV စားသောက်ဆိုင် နောက်ဘက်မီးဖိုခန်းရှိမီးသွေးမီးဖိုမီးကြွင်းမီးကျန် မှတစ်ဆင့် အနီးရှိဝါးထရံသို့ မီးကူးစက်လောင်ကျွမ်းခြင်းဖြစ်ကြောင်းသိရသည်။

မီးလောင်မှုကြောင့် ၆၀ ပေပတ်လည် သွပ်မိုး၊ ဝါးထရံကာ၊ ပျဉ်ခင်းအဆောက်အဦတစ်လုံး၊အနီးရှိဦးမောင်မြသန်းနှင့် ဦးထွန်းအောင်ကျော်တို့၏ ၂၀ ပေ၊ ၃၀ ပေ၊ သွပ်မိုး၊ အုတ်ညှတ် လူနေအိမ်နှစ်လုံးအပေါ်ထပ်တို့ မီးလောင်ကျွမ်းခဲ့သည်။

မီးလောင်ဆုံးရှုံးမှုတန်ဖိုးသိန်း ၃၀ ခန့်ရှိပြီးမီးဘေးဒုက္ခသည်များမှာနီးစပ်ရာဆွေမျိုးများထံတွင် ယာယီခိုလုံနေထိုင်လျှက်ရှိကာ ဦးအောင်မြင့်ဇော်အား စစ်တွေမြို့ မြို့မရဲစခန်းက မီးပေါ့ဆမှု ဖြင့် အမှုဖွင့်အရေးယူလျှက်ရှိကြောင်းသိရသည်။

တင်ထွန်း(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
စစ်တွေမြို့ စက်ရုံစုရပ်ကွက်၌ မီးလောင်မှုဖြစ် စစ်တွေမြို့ စက်ရုံစုရပ်ကွက်၌ မီးလောင်မှုဖြစ် Reviewed by THITHTOOLWIN on 05:40 Rating: 5
Powered by Blogger.