ကျွန်းလှတွင် ဓားထောက်ပြီးရွှေထည်ပစ္စည်းယူသွားသူများအား နာရီပိုင်းအတွင်းဖမ်းဆီးရမိ


ကျွန်းလှ ဧပြီ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ် ရွာသီကျေးရွာအုပ်စု ဆားကျင်းကျေးရွာအနီးတွင် ဧပြီ ၂၂ရက် နေ့လယ် ၁နာရီခွဲအချိန်ကဓားထောက်ပြီးရွှေထည်ပစ္စည်းများလုယက် မှုဖြစ်ပွား ခဲ့ရာနာရီပိုင်းအတွင်းဖမ်းဆီးရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာကျွန်းလှသဖန်းဆိပ်ကားလမ်းပေါ်ဆားကျင်းကျေးရွာ အနီးမအေးချမ်းမေကွမ်းရောင်းနေစဉ်အမည်မသိအမျိုးသားနှစ်ဦး ဆိုင်ကယ်ဖြင့်ရောက်လာပြီးအင်္ကျီဆွဲဓါးဖြင့်ထောက်၍"မအော်နဲ့အော်ရင်ဓားဖြင့်ထိုးမည်ဟု"ငြိမ်းခြောက်ပြီးရွှေကြိုးတစ်ကုံး၊ လက်ကောက်နှစ်ကွင်း၊ ရွှေဆံညှပ်တစ်ခုလုယူသွားကြောင်းမြို့နယ်ရဲတပ်ဖွဲ့ရုံးမှသိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မြို့မရဲစခန်းမှူးဒုတိယရဲမှူးသန်းထိုက်/ နယ်ထိန်းခေါင်းဆောင်ဇော်သူနှင့်တပ်ဖွဲ့ဝင်းများ/သက်သေများ ပူးပေါင်းအဖွဲ့ကရှာဖွေရာပြစ်မှုကျူးလွန်သူညီအစ်အကို ဆောင်းဦးလှိုင်နှင့်သိန်းဦးလှိုင်ပျဉ်းမမြိုင်ရပ်ကွက်နေသူတို့အား ဖမ်းဆီးရမိပြီးကျွန်းလှမြို့မရဲစခန်းက အရေးယူဆောင်ရွက် ထားကြောင်းသိရသည်။

မျိုးဝင်းညို -  ကျွန်းလှ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ကျွန်းလှတွင် ဓားထောက်ပြီးရွှေထည်ပစ္စည်းယူသွားသူများအား နာရီပိုင်းအတွင်းဖမ်းဆီးရမိ ကျွန်းလှတွင် ဓားထောက်ပြီးရွှေထည်ပစ္စည်းယူသွားသူများအား နာရီပိုင်းအတွင်းဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 04:43 Rating: 5
Powered by Blogger.