ပုဂံ - ချောက်သွားကားလမ်းတွင် ကားနှင့် ဆိုင်ကယ် အရှိန်လွန်တိုက်မှုဖြစ်ပွား လူတစ်ဉ်ီးသဆေုံး


ပုဂံဧပြီ ၂၇

မန္တလေးတိုင်းဒေသကြီး ၊ ညောင်ဦးမြို့နယ် ပုဂံ - ချောက်သွားကားလမ်းမပေါ်တွင် ဧပြီ ၂၇ ရက် ၊ ယနေ့ နံနက် ၉နာရီခွဲ ကကားနှင့် ဆိုင်ကယ် ယာဉ်တိုက်မှု ဖြစ်ပွားပြီးအဆိုပါ ယာဉ်တိုက်မှုကြောင့် တစ်ဦးသေဆုံးပြီး ၊ တစ်ဦး ပြင်းထန်ဒဏ်ရာများရရှိခဲ့ကြောင်းပုဂံနယ်မြေရဲစခန်းမှ သိရသည်။


ဖြစ်စဉ်မှာယနေ့ နံနက် ၉ နာရီခွဲအချိန်ကဒုရဲအုပ် ကြည်မင်းနိုင် သည် ပုဂံနယ်မြေရဲစခန်းတွင် တာဝန်မှူးအဖြစ် ရှိနေစဉ် ပုဂံ - ချောက်သွားကားလမ်းမပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းရရှိ၍ သက်သေများနှင့် အတူအခင်းဖြစ်နေရာသို့ သွားရောက်စုံစမ်းစစ်ဆေးရာပုဂံ - ချောက်သွားကားလမ်းသာယာဝတေ့ဘုန်းတော်ကြီးကျောင်းအနီးတွင် တောင်မှ မြောက်သို့ ကိုဇော်ဌေးမောင်းနှင်ပြီးနောက်တွင် ဝင်းမြတ်ထူးလိုက်ပါလာသော ၂၂ယ/----- KENBO – 110 ဆိုင်ကယ်အားအချက်ပြမီးပြ၍ ကားလမ်းအရှေ့ဘက်သို့ ချိုးကွေ့စဉ် မြောက်မှ တောင်သို့ ချမ်းမြေ့အောင်မောင်းနှင်လာသောယာဉ်အမှတ် MDY 9P----- HIJET အဖြူရောင်ယာဉ်မှ အရှိန်ပြင်းစွာမောင်းနှင်လာပြီးအရှိန်မထိန်းနိုင်ဘဲဆိုင်ကယ်၏ ခါးလယ်ပိုင်းအားယာဉ်၏ဝဲဘက်ရှေ့ခြမ်းနှင့် ဝင်ရောက်တိုက်မိပီးယာဉ်မှာအရှိန် မထိန်းနိုင်ဘဲကားလမ်းအရှေ့ဘက်ခြမ်းရှိသစ်ပင်အားဝင်ရောက်တိုက်မိပြီး အခင်းဖြစ်နေရာတွင် ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီးဆိုင်ကယ်နောက်မှ စီးနင်းလိုက်ပါလာသည့် ဝင်းမြတ်ထူးတွင် ဝဲဘက်ဂျိုစောင်းပေါက်ပြဲသွေးထွက်ဒဏ်ရာ(စိုးရိမ်ရ) တို့ရရှိပြီးညောင်ဦးပြည်သူ့ ဆေးရုံကြီးသို့ ဆေးဝါးကုသရန် ပို့ဆောင်ထားရှိကြောင်းသိရသည်။

အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်၍ ယာဉ်အားမဆင်မခြင် ပေါ့ဆစွာမောင်းနှင်သူစလင်းမြို့နယ်၊ မြေနုကျေးရွာနေချမ်းမြေ့အောင် အားပုဂံနယ်မြေရဲစခန်းမှ အမှုဖွင့် အရေးယူဆောင်ရွက်ထားရှိကြောင်းသိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ပုဂံ - ချောက်သွားကားလမ်းတွင် ကားနှင့် ဆိုင်ကယ် အရှိန်လွန်တိုက်မှုဖြစ်ပွား လူတစ်ဉ်ီးသဆေုံး ပုဂံ - ချောက်သွားကားလမ်းတွင် ကားနှင့် ဆိုင်ကယ် အရှိန်လွန်တိုက်မှုဖြစ်ပွား လူတစ်ဉ်ီးသဆေုံး Reviewed by THITHTOOLWIN on 08:53 Rating: 5
Powered by Blogger.