![]() |
မုံရွာမြို့ ချင်းတွင်းမြစ်မှာ နစ်မြုပ်နေတဲ့စက်လှေကို တွေ့ရစဉ်/ Photo - Myanmar Fire Services Department |
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်က ဒေသခံ ၄၀ ခန့်ဟာ ချင်းတွင်းမြစ်ကိုဖြတ်ပြီး မုံရွာမြို့ဘက်ကို စက်လှေနဲ့ ဒီနေ့မနက်က ကူးရာမှာ လှေနစ်မြုပ်ခဲ့တာလို့ မုံရွာခရိုင် မီးသတ်ဦးစီးမှူး ဦးညီညီဇော် က RFA ကို ပြောပါတယ်။
လိုက်ပါလာသူတွေဟာ ချင်းတွင်း သင်္ကြန်ကို လာရောက်လည်ပတ်ကြသူတွေဖြစ်ပြီး ၃၆ ဦးကို ကယ်ဆယ်နိုင်ခဲ့ တယ်လို့ ဦးညီညီဇော်က ပြောပါတယ်။
နစ်မြှုပ်သွားတဲ့ စက်လှေဟာ လူ ၂၀ ကျော်လောက်သာ တင်ဆောင်သွားလာသင့်တဲ့လှေဖြစ်ပြီး လူ ၄၀ လောက် အထိ တင်ခဲ့တာကြောင့် နစ်မြုပ်ခဲ့ရတာဖြစ်ကြောင်းလည်းဆိုပါတယ်။
စက်လှေပိုင်ရှင်က မောင်းလာတာဖြစ်ပြီး အခုချိန်ထိ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း မြစ်အတွင်း ပျောက်ဆုံးနေသူတွေ ရှိနေသေးလားဆိုတာတွေကို မီးသတ်ဦးစီးဌာနက ဆက်လက်ရှာဖွေနေတယ်လို့ သိရပါတယ်။
မုံရွာမြို့အနီးမှာ စက်လှေနစ်မြုပ်တာကြောင့် လူသေဆုံးမှုဖြစ်တာဟာ ဆယ်စုနှစ် ၁ ခုအတွင်းမှာ ပထမဆုံးလို့ သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင် ပေးပို့တာပါ။
RFA Burmese
https://www.rfa.org/burmese
စက်လှေနစ်မြုပ်မှု တစ်ဦး သေဆုံး
Reviewed by THITHTOOLWIN
on
21:18
Rating:
