မင်္ဂလာဆောင်ပွဲမှ ပြန်လာသည့် အရာရှိ ကားတန်း ဗုံးခွဲတိုက်ခိုက်ခံရ


March 30,2019

ထိုင်းနိုင်ငံ တောင်ပိုင်း နရာသီဝ ခရိုင် Su-ngai Padi ဆူငိုင်ပါဒီမြို့  နယ်မှာ ဒီကနေ့  နေ့ လည်ပိုင်းက မင်္ဂလာဆောင်ပွဲကပြန်လာတဲ့ ဗိုလ်မှူးနဲ့ အဖွဲ့ ဝင်တွေ လိုက်ပါလာတဲ့ကားတန်း ကို ဘူကဲကျေးရွာ ရာဘာတောအနီး လမ်းမပေါ်က နေရာနှစ်ခုကနေ ဗုံးခွဲပြီး လက်နက်ငယ်တွေနဲ့  ပစ်ခတ် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။


ဗင်ကားပေါ် ပါလာတဲ့ ဗိုလ်မှူးအဆင့်ရှိ အရာရှိတစ်ဦးနဲ့  စစ်တပ်အရာရှိတွေ ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

ရှေ့ ပြေး လုံခြုံရေးကားမှာ စစ်သည် လေးဦးလိုက်ပါလာခဲ့ပြီး တစ်ဦးဒဏ်ရာရသွားခဲ့ပြီး အမှတ် (၄၈) ရိမ်းဂျား တပ်ရင်းက ဗိုလ်မှူးဆူရန်ချိုင်း ရဲ့ ပေါင်မှာ သေနတ်ဒဏ်ရာရရှိသွားခဲ့ကြောင်းလည်း သိရပါတယ်။

ဖြစ်ပွားခဲ့တဲ့နေရာကို ရဲနဲ့  စစ်တပ်ဖွဲ့ ဝင်တွေ ရောက်လာချိန်မှာ ဗုံးရှင်းအဖွဲ့  တွေက ဖြစ်တဲ့နေရာကို ၇ှင်းလင်းစစ်ဆေးနေတဲ့အချိန်မှာ နောက်ထပ် ဗုံးတစ်လုံး ထပ်မံ ပေါက်ကွဲခဲ့ပါတယ်။
အဝေးထိမ်း စနစ်နဲ့ စောင့်ကြည့်ဖေါက်ခွဲခဲ့တာပါ။
ထိုင်းတောင်ပိုင်းမှာ အရာရှိတွေ ရဲ့ ကားတန်းဖြတ်ရင် ဖြတ်မယ့်ဧရိယာ နေရာကို လုံခြုံရေးစနစ်အရ အဝေးထိမ်းစနစ်နဲ့  ဗုံးခွဲတိုက်ခိုက်မရအောင် ဖုန်းနဲ့  စကားပြောစက် ဆက်သွယ်ရေး လိုင်းတွေဖြတ်တောက်ထား တာဖြစ်ပါတယ်။

အကူတပ်ဖွဲတွေ ရောက်လာတဲ့အချိန်မှာ သေနတ်သမားတွေဟာ သစ်တောတွင်း ၀င်ရောက်ပျောက်ကွယ်သွားခဲ့ပါတယ်။
ယခု တိုက်ခိုက်မှုဟာ စနစ်တကျ စီစဉ်ပြီး တိုက်ခိုက်တဲ့ တောင်ပိုင်း နိုင်ငံ ခွဲထွက်ရေး မူးဆလင် သူပုန်တွေရဲ့ လက်ချက်ဖြစ်တယ်လို့  ထိုင်းသတင်းတွေမှာဖေါ်ပြနေပါတယ်။

Social Action for Children and Women - SAW
မင်္ဂလာဆောင်ပွဲမှ ပြန်လာသည့် အရာရှိ ကားတန်း ဗုံးခွဲတိုက်ခိုက်ခံရ မင်္ဂလာဆောင်ပွဲမှ ပြန်လာသည့် အရာရှိ ကားတန်း ဗုံးခွဲတိုက်ခိုက်ခံရ Reviewed by THITHTOOLWIN on 07:38 Rating: 5
Powered by Blogger.