အသက် ၇၆ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးထံကနေ စိတ်ကြွဆေးပြား ၂၈၀၀ ကျော် ဖမ်းဆီးရမိ


မိုင်းယောင်း၊ ဧပြီ ၂၈

အသက် ၇၀ နှစ်ကျော်အမျိုးသမီးကြီးတစ်ဦးထံကနေ စိတ်ြွကရူး သွပ် ဆေးပြား ၂၈၀၀ ကျော်ကို မိုင်းယောင်းမြို့၊ ဝမ်ကောင်းအုပ်စု၊ ဝမ်ကောင်း ကျေးရွာမှာ ဧပြီ ၂၇ ရက်မွန်းလွဲပိုင်း က ဖမ်းဆီးရမိခဲ့ တယ်လို့သိရပါတယ်။

ဧပြီ ၂၇ ရက်နေ့လည် ၁ နာရီခွဲခန့်က မိုင်းယောင်းမြို့က ရဲတပ်ဖွဲ့ဝင်တွေဟာ မိုင်းယောင်းမြို့နယ်၊ ဝမ်ကောင်း အုပ်စု၊ ဝမ်ကောင်း ကျေးရွာနေ ဒေါ်အီထောင်(၇၆ နှစ်) သည် မူးယစ်စိတ် ကြွဆေးများ ရောင်းချနေကြောင်း သတင်းအရ သွားရောက်ရှာဖွေရာ ၄င်း နေ အိမ်မှ wy စာတမ်းပါ စိတ်ြွကရူးသွပ်ဆေးပြားဟု ယူဆရသော လိမ္မော် ရောင်ဆေး ပြား ၉၀ ပြား၊ ဝါးခြင်းအတွင်းမှ wy စာတမ်းပါ စိတ်ြွက ရူး သွပ်ဆေးပြားဟု ယူဆရသော လိမ္မော်ရောင်ဆေးပြား ၈၀ဝ ပြား၊ ကျွတ် ကျွတ် အိတ်အဖြူရောင် အတွင်းမှ ၁၉၂၆ ပြား၊ စုစုပေါင်းဆေးပြား ၂၈၂၆ ပြား(ကာလတန်ဖိုးကျပ်ငွေ ၂၈သိန်း၁သောင်း၆ထောင်) ခန့်ကို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

စိတ်ြွကရူးသွပ်ဆေပြားတွေနဲ့အတူ ဖမ်းဆီးရမိတဲ့ ဒေါ်အီထောင် (၇၆ နှစ်)၊ ဝမ်ကောင်းကျေးရွာ၊ ဝမ်ကောင်းအုပ်စု၊ မိုင်းယောင်းမြို့နေသူကို မိုင်းယောင်းမြို့မရဲ စခန်းက မူးယစ်ဥပဒေအရ အမှုဖွင့် အရေးယူဆောင် ရွက်ထား ကြောင်း သိရပါတယ်။

သတင်း - ရွှေတြိဂံဒေသသတင်း
https://www.facebook.com/GoldenTriangleRegionalNews/
အသက် ၇၆ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးထံကနေ စိတ်ကြွဆေးပြား ၂၈၀၀ ကျော် ဖမ်းဆီးရမိ အသက် ၇၆ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးထံကနေ စိတ်ကြွဆေးပြား ၂၈၀၀ ကျော် ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 08:58 Rating: 5
Powered by Blogger.