သင်္ဃန်းကျွန်းမြို့နယ်၌ မော်တော်ယာဉ် ၁ စီးမှ စက်ဘီးနှင့် မော်တော်ယာဉ် ၅ စီးအား ဆင့်ကဲတိုက်မိမှု


၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့ ၂၃၀၀ အချိန် သင်္ဃန်းကျွန်းမြို့နယ်၊ သံသုမာလမ်းအတိုင်း သာကေတမြို့နယ်ဘက်မှ သုဝဏ္ဏဘက်သို့ ဗလ(၂၄)နှစ်၊ (ဘ)ဦးဇော်ခိုင် နွယ်အေးရပ်ကွက်၊ ဒေါပုံမြို့နယ်နေသူ မောင်းနှင်သည့် YGN BB-×××× AD Van အငှားယာဉ်သည် (၂၄)ရပ်ကွက်၊ ဧရာဝတီဘဏ်အနီး၌ ရှေ့မှ အမျိုးသား ၁ ဦး(စိစစ်ဆဲ)စီးနင်းသည့် စက်ဘီးအား တိုက်မိပြီး မောင်းနှင်ထွက်ပြေးရာ (၂၉)ရပ်ကွက်၊ ပေါ်ဆန်းမွှေးမီးပွိုင့်အရောက်တွင် မျက်နှာချင်းဆိုင်မှ ဝဲဘက်ကွေ့ရန် ရပ်ထားသော ဦးတင်မောင်သောင်း(၅၂)နှစ်၊ (ဘ)ဦးတင်မြင့်(၂၉)ရပ်ကွက်နေသူ မောင်းနှင်သည့် YGN 4M-×××× Toyota Fielder ယာဉ်နှင့် လမ်း၏ ယာဘက်ဘေးတွင် ရပ်ထားသည့် မော်တော်ယာဉ် ၄ စီးအား ထပ်ဆင့်တိုက်မိခဲ့ပါသည်။

အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် စက်ဘီးစီးနင်းသည့် အမျိုးသားတွင် ဦးခေါင်း/ ယာပခုံး/ လက်/ ခြေထောက် ပေါက်ပြဲဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး ၂၃၄၀ အချိန်တွင် အလောင်းအား သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့ဆောင်ခဲ့ကာ ဧပြီလ ၁၉ ရက်နေ့ ၀၃၄၅ အချိန်တွင် ယာဉ်မောင်း ဗလအား သုဝဏ္ဏနယ်မြေရဲစခန်း ယာဉ်(ပ)၁၀/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၂၇၉ (ပေါ့လျော့မှုကြောင့် လူသေစေမှု/ ယာဉ်မဆင်မခြင်မောင်းနှင်မှု)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Ministry of Home Affairs, Myanmar
https://www.facebook.com/officemohamyanmar/
သင်္ဃန်းကျွန်းမြို့နယ်၌ မော်တော်ယာဉ် ၁ စီးမှ စက်ဘီးနှင့် မော်တော်ယာဉ် ၅ စီးအား ဆင့်ကဲတိုက်မိမှု သင်္ဃန်းကျွန်းမြို့နယ်၌ မော်တော်ယာဉ် ၁ စီးမှ စက်ဘီးနှင့် မော်တော်ယာဉ် ၅ စီးအား ဆင့်ကဲတိုက်မိမှု Reviewed by THITHTOOLWIN on 20:51 Rating: 5
Powered by Blogger.