ညောင်တုန်းမြို့နယ်၌ ထော်လာဂျီတိမ်းမှောက်၍ ၂ ဦး သေ၊ ၇ ဦး ဒဏ်ရာရရှိမှု


၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့ ၂၀၃၀ အချိန် ညောင်တုန်းမြို့နယ်၊ အုန်းပင်စုကျေးရွာလမ်း၌ ပဒေါဒေါင့်ကျေးရွာမှ အုန်းပင်စုကျေးရွာဘက်သို့ ထက်လင်းသူ(၂၅)နှစ်၊ (ဘ)ဦးထွန်းခိုင် အောက်စုကျေးရွာ၊ ညောင်တုန်းမြို့နေသူ မောင်းနှင်ပြီး မျိုးဦး(၄၅)နှစ်၊ (ဘ)ဦးလှဝင်း ပါလှဲ့ကျေးရွာ၊ ညောင်တုန်းမြို့နေသူပါ ကျား ၉ ဦး၊ ပေါင်း ၁၀ ဦး လိုက်ပါလာသည့် ထော်လာဂျီယာဉ်သည် ဦးခေါင်းနှင့်ကိုယ်ထည်ဆက်ထားသော ဘောဂျွိုင်းဆက်ပြုတ်ထွက်၍ အရှိန်မထိန်းနိုင်ဘဲလမ်းဝဲဘက်ခြမ်းရှိ သစ်ပင်အားဝင်ရောက်တိုက်မိကာ လမ်းဘေးမြောင်းထဲသို့ ထိုးကျတိမ်းမှောက်ခဲ့ပါသည်။

အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် မျိုးဦးပါ ကျား ၂ ဦးတွင် ခန္ဓာကိုယ်အနှံ့ ညိုမဲပေါက်ပြဲဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး ဦးဖိုးဝို(၅၀)နှစ်၊ (ဘ)ဦးကျော်မြိုင် ပါလှဲ့ကျေးရွာ၊ ညောင်တုန်းမြို့နေသူပါ ကျား ၂ ဦးတွင် ဦးခေါင်းထိပ်/နဖူး ပေါက်ပြဲ၊နှာခေါင်းသွေးထွက်ဒဏ်ရာများ(စိုးရိမ်ရ)နှင့် တစ်ရွာတည်းနေ အောင်ကိုလင်း(၂၀)နှစ်၊ (ဘ)ဦးမောင်ဝင်းပါ ကျား ၅ ဦးတွင် ပွန်းပဲ့ပေါက်ပြဲဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် ၂၁၀၅ အချိန်တွင် ညောင်တုန်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကာ ယာဉ်မောင်း ထက်လင်းသူအား မဲဇလီနယ်မြေရဲစခန်း ယာဉ်(ပ)၁၅/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၃၃၈/ ၃၃၇ (ပေါ့လျော့မှုကြောင့် လူသေမှု/ ပြင်းထန်/ သာမန်နာကျင်စေမှု)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Ministry of Home Affairs, Myanmar
https://www.facebook.com/officemohamyanmar/
ညောင်တုန်းမြို့နယ်၌ ထော်လာဂျီတိမ်းမှောက်၍ ၂ ဦး သေ၊ ၇ ဦး ဒဏ်ရာရရှိမှု ညောင်တုန်းမြို့နယ်၌ ထော်လာဂျီတိမ်းမှောက်၍ ၂ ဦး သေ၊ ၇ ဦး ဒဏ်ရာရရှိမှု Reviewed by THITHTOOLWIN on 20:51 Rating: 5
Powered by Blogger.