ကျောက်စည်ပိုင်းထဲရှိ ရေအား နွားများသောက်သုံးမိရာမှ နွား ၁၁ ကောင် သေဆုံး


ငပုတော ဧပြီ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ငှက်ပေါက်ကျေးရွာအုပ်စု၊ ဖိုးညိုကုန်းကျေးရွာနေဒေါ်သန်းဝင်းပိုင်လယ်ကွင်းအတွင်းရှိရေတွင်းမှရေအား အဆိုပါကျေးရွာနေဦးတင်ထွန်းမှနွားများ
ရေတိုက်ရန်ကျောက်စည်ပိုင်းထဲသို့ခပ်ထည့်ခဲ့ပြီး ထိုကျောက်စည်ပိုင်းထဲရှိရေအားနွားများသောက်မိရာမှ ဦးတင်ထွန်း၊ ဒေါ်သန်းဝင်း၊ ဦးသန်းဝင်းတို့ ပိုင်ဆိုင်သောနွား၁၁ကောင်မှာ ယနေ့
နံနက် ၈နာရီအချိန်တွင် ရေတွင်းအနီးတဝိုက်၌ လဲကျသေဆုံးခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ နွားများသောက်သုံးရန်ခပ်ယူခဲ့သည့်ရေတွင်းမှာ မိုးရာသီမှအပကျန်အချိန်များတွင်အများပြည်သူအသုံးပြုနေသည့်ရေတွင်းဖြစ်ပြီးနွားများသေဆုံးမှုနှင့်ပတ်သက်၍အဆိုပါရေတွင်းနှင့်
ပတ်သက်မှုရှိ၊မရှိကိုစစ်ဆေးလျက်ရှိပြီး သေဆုံးသည့်နွားများ၏ အသားစနှင့်မစင်အားမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဓာတ်ခွဲစမ်းသပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ကျောက်စည်ပိုင်းထဲရှိ ရေအား နွားများသောက်သုံးမိရာမှ နွား ၁၁ ကောင် သေဆုံး ကျောက်စည်ပိုင်းထဲရှိ ရေအား နွားများသောက်သုံးမိရာမှ နွား ၁၁ ကောင် သေဆုံး Reviewed by THITHTOOLWIN on 05:33 Rating: 5
Powered by Blogger.