![]() |
ဒေါင်းတို့မျိုးဆက်သံချပ်အသင်းမှ ကိုဒီရေ (ခေါ်) ကိုပိုင်ဖြိုးမင်းနဲ့ ကိုဖိုးသား (ခေါ်) ကိုဇော်လင်းထွတ်။ Photo: ဒေါင်းတို့မျိုးဆက်/ Facebook |
ကိုဒီရေ (ခေါ်) ကိုပိုင်ဖြိုးမင်းက သူ့ဖခင်ကို မြောက်ဥက္ကလာပမြို့နယ် ရဲစခန်းအရာရှိတွေက ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို သုံးကြိမ်ခေါ်ယူကာ မေးမြန်းစစ်ဆေးကြောင်းနဲ့၊ မနေ့ည ၁၁ နာရီခန့်မှာ နောက်ဆုံးအကြိမ် မေးမြန်းပြီး ပြန်လွှတ်လိုက်ကြောင်း ပြောပါတယ်။
မင်္ဂလာတောင်ညွန့်မြို့နယ်မှာ နေထိုင်တဲ့ ကိုဖိုးသား (ခေါ်) ကိုဇော်လင်းထွတ်က သူ့မိဘတွေကိုလည်း ရဲအရာရှိတွေက အလားတူလာရောက် ပြောဆိုကြောင်းနဲ့၊ သူတို့နေအိမ်ရှေ့မှာ ဒီသတင်းရေးတဲ့ မနေ့ညနက်ပိုင်းအထိ ရဲတွေ လာရောက်စောင့်ဆိုင်းနေကြောင်း RFA ကို ပြောပါတယ်။
သောကြာနေ့ မနေ့မနက်ပိုင်းက ဖမ်းဆီးသွားပြီးနောက် သိန်းတစ်ရာ အာမခံသူ ၂ ဦးကြောင့် ပြန်လွတ်လာတဲ့ မကေခိုင်ထွန်းက သူမကို မနေ့က အာမခံပေးလိုက်ပေမယ့် သူတို့တဖွဲ့လုံးကို လာမယ့် ၂၂ ရက်နေ့ တရားရုံးချိန်းရှိတဲ့နေ့မှာ ဖမ်းဆီးပြီး အာမခံမပေးဘဲ အကျဉ်းထောင်ပို့မယ်လို့ ယူဆကြောင်း ပြောပါတယ်။
ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ခေါင်းဆောင် ကိုဇေယျာလွင်နဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင် တို့ကလည်း အလားတူ ထင်မြင်ကြောင်း ပြောဆိုကြပါတယ်။
ကိုဇေယျာလွင်က သူတို့အဖွဲ့အနေနဲ့ သက်ဆိုင်ရာရဲစခန်းတွေကို သွားရောက်မှာမဟုတ်ဘဲ လာမယ့် ၂၂ ရက်နေ့ ရုံးချိန်းမှာတော့ မရမ်းကုန်းမြို့နယ်တရားရုံးကို သွားရောက်ပြီး ရင်ဆိုင်ဖြေရှင်းမယ်လို့ RFA ကို ပြောပါတယ်။
RFA Burmese
https://www.rfa.org/burmese
ဒေါင်းတို့မျိုးဆက် မိဘတွေကို ခေါ်ယူစစ်ဆေး
Reviewed by THITHTOOLWIN
on
05:13
Rating:
