မကွေးမြို့ နယ်၌ ပေါ့ဆမီး လောင်ကျွမ်းမှုကြောင့် နေအိမ် ၁၃ လုံး မီးလောင် ဆုံးရှုံး

နေအိမ်များ မီးလောင်ကျွမ်းမှု အခြေအနေအား တွေ့ ရစဉ်(ဓာတ်ပုံ - Ministry of Home Affairs, Myanmar)
 ရန်ကုန် ၊ ဧပြီ ၂၂ ရက်(ဆင်ဟွာ)

    မကွေးမြို့ နယ် အတွင်း လူနေအိမ် တစ်လုံးမှတဆင့် ပေါ့ဆမီး လောင်ကျွမ်းမှုကြောင့် နေအိမ် ၁၃ လုံး မီးလောင်ကျွမ်း ဆုံးရှုံးမှု ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။

မကွေးမြို့နယ်၊ ကျစ်ပုံကျေးရွာတွင် ဧပြီ ၂၁ ရက်က လူနေအိမ် တစ်လုံး၏ နေအိမ်မီးဖို မီးကြွင်းမီးကျန်မှတစ်ဆင့် မီးစတင်လောင်ကျွမ်းခဲ့ရာ သွပ်မိုး/ ထရံကာ/ ပျဉ်ခင်း နေအိမ် ၁၃ လုံး မီးကူးစက် လောင်ကျွမ်း ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်စဉ်ကြောင့် အခင်းဖြစ် နေအိမ်အား ညောင်ကန်နယ်မြေရဲစခန်းမှ မီးပေါ့ဆမှုဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com

မကွေးမြို့ နယ်၌ ပေါ့ဆမီး လောင်ကျွမ်းမှုကြောင့် နေအိမ် ၁၃ လုံး မီးလောင် ဆုံးရှုံး မကွေးမြို့ နယ်၌ ပေါ့ဆမီး လောင်ကျွမ်းမှုကြောင့် နေအိမ် ၁၃ လုံး မီးလောင် ဆုံးရှုံး Reviewed by THITHTOOLWIN on 19:30 Rating: 5
Powered by Blogger.