ကျောက်မီးသွေးတွင်းတွင် အောက်စီဂျင်ပြတ်၍ လူ ၃ ဦးသေဆုံး

Photo by SHAN- သေဆုံးသူများ၏အလောင်းများအား အသုဘချရန် ဆွေမျိုးမိဘများကလိုက်ပါပို့ဆောင်နေကြစဉ်
သျှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ နောင်ရဲကျေးရွာအုပ်စု၊ လွိုင်လုံ တောင်အရှေ့ဖက် ရှိကျောက် မီးသွေးတွင်း၌ မိုင်းတွင်း အလုပ်သမားများ အောက်ဆီဂျင်ပြတ်ကာ ၃ ဦး သေဆုံးကြောင်းသိရသည်။

ဧပြီလ ၅ ရက်နေ့က သေဆုံးမှုဖြစ်ခဲ့ခြင်းဖြစ်ပြီး ၄င်းတို့၏ အလောင်းများအား ဧပြီလ ၆ ရက်နေ့က ဆွေမျိုးမိဘများက အသုဘချ ပေးခဲ့ကြောင်းလည်းသိရသည်။

“ ဖြစ်သွားတာကတော့ တပြုသားမိုင်းနင်းကျောက်မီးသွေးတွင်း မှာပေါ့ ။ အနက်ကပေ ၃၀ ၊ ဂလိုင်က ၁၅ ပေ အောက်ဆီဂျင်ပြတ်တဲ့ အချိန်မှာသူတို့ဝင်သွားတာလို့သိရတယ်။ ကုမ္ပဏီတာဝန် ယူပေးတာက အသက်နစ်နာဆုံးရှုံးကြေးကတော့ ကြားပွဲစားမပါဘဲနဲ့ တစ်ဦးကိုသိန်း (၃၀) စီ သက်ဆိုင်ရာမိသားစုတွေ ကြေအေးလွှာထိုးပေးခဲ့ပါတယ် ” ဟု နောင်ရဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခွန်ဆန်းသိန်း ကပြောသည် ။
Photo by SHAN- သေဆုံးသူများ၏အလောင်းများအား အသုဘချရန် ဆွေမျိုးမိဘများကလိုက်ပါပို့ဆောင်နေကြစဉ်
သေဆုံးသူများမှာ အသက် ဦးမောင်ဆန်း အသက် (၄၂) နှစ် နှင့် ညီအစ်ကို နှစ်ဦးဖြစ်သည့် မောင်ဝင်းဦး(၁၈) နှစ် ၊ မောင်တင်ဇော်(၂၀)နှစ် တို့ဖြစ်ကြကြောင်း ၄င်းထံမှ ဆက်လက်သိရ ပါသည်။

သျှမ်းသံတော်ဆင့်/ ယိင်းတိုင်း
https://burmese.shannews.org

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ