ပဲခူးတိုင်းဒေသကြီး ကျောက်တံခါး မြို့ နယ်၌ ဗုံးသီးဟောင်း အလုံး ၉၀ တူးဖော် တွေ့ ရှိ

တူးဖော် တွေ့ ရှိခဲ့သည့် ဗုံးသီးဟောင်းများအား တွေ့ ရစဉ် (ဓာတ်ပုံ - ရဲဇာနည်)

    ရန်ကုန် ၊ ဧပြီ ၂၄ ရက်(ဆင်ဟွာ)

 ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၌ အဆောက်အဦ ဆောက်လုပ်ရန် တူးဖော်နေစဉ် ဗုံးသီးဟောင်း အလုံး ၉၀ အား တူးဖော် တွေ့ ရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၏ ထုတ်ပြန်မှု အရ သိရသည်။

ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့၊ ပြည်တော်သာရပ်ကွက်တွင် ခြံအမှတ် ၂၈ ၌ ဧပြီ ၂၂ ရက်တွင် အဆောက်အဦ ဆောက်လုပ်ရန် အခြေခံ အုတ်မြစ် တူးဖော်နေစဉ် အလျား(၁၅)လက်မ၊ လုံးပတ်(၁၂)လက်မခန့်ရှိ ဗုံးသီးဟောင်း အလုံး ၉၀ အား တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တူးဖော် တွေ့ ရှိခဲ့သည့် အလုံး ၉၀ အား ပဲနွယ်ကုန်း နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ သွားရောက် စစ် ဆေးခဲ့ပြီး တာဝန်ရှိသူများထံ အပ်နှံခဲ့ကြောင်း သိရသည်။

Xinhua
http://www.xinhuamyanmar.com
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါး မြို့ နယ်၌ ဗုံးသီးဟောင်း အလုံး ၉၀ တူးဖော် တွေ့ ရှိ ပဲခူးတိုင်းဒေသကြီး ကျောက်တံခါး မြို့ နယ်၌ ဗုံးသီးဟောင်း အလုံး ၉၀ တူးဖော် တွေ့ ရှိ Reviewed by THITHTOOLWIN on 21:22 Rating: 5
Powered by Blogger.