ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်း-အုတ်တွင်းကားလမ်း ပဲခူးရိုးမပေါ်တွင် ကားတစ်စီးချောက်ထဲပြုတ်ကျပြီး လူ၁၅ ဦးသေဆုံးကာ ၂၅ ဦးဒဏ်ရာရရှိ

ဓါတ်ပုံ - အရှင်တေဇ(နာယကဆရာတော်) ရင်ခုန်သံ ရှင်ရေးကူညီမှုအသင်း ဈေးကျောင်းတိုက်၊ အုတ်တွင်းမြို့ 
ရန်ကုန်၊ မတ်၃၁ ရက် (ဆင်ဟွာ)

    ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်း-အုတ်တွင်းကားလမ်း ပဲခူးရိုးမပေါ်တွင် မတ်လ ၃ဝ ရက်ကကားတစ်စီးချောက်ထဲပြုတ်ကျပြီး  လူ၁၅ ဦးသေဆုံးကာ ၂၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့မရဲစခန်းမှ တာဝန်ရှိသူတစ် ဦးက ဆင်ဟွာကို ယနေ့ညနေ ၅း၃၀ နာရီတွင်ဖြေကြားခဲ့သည်။

ကားအမျိုးအစားက ၆ ဘီးယာဉ်အမျိုးအစား  ဖြစ်ကြောင်း၊ ယာဉ်ပေါ်တွင် လူ၄၀ ဦးပါလာကြောင်း သိရသည်။ သေဆုံးသူ ၁၅ ဦးတွင် အမျိုးသမီး ၉ဦး၊ အမျိုးသား ၆ဦးဖြစ်ကြောင်း သိရသည်။

 အုတ်တွင်းမြို့မရဲစခန်းက တာဝန်ရှိသူတစ်ဦးက “ဖြစ်တာက မနေ့က ည ၆း၃၀ နာရီလောက်မှာ ဖြစ်တာပါ။ လမ်းဘေးက အချက်ပြရောင်ပြန်ကိုတိုက်မိပြီး လမ်းရဲ့ ညာဘက်ခြမ်းကို အရှိန်မထိန်းနိုင်ပဲ ပြုတ်ကျခဲ့တာ’’ ဟုဆင်ဟွာကို ပြောသည်။

ယာဉ်မောင်းလည်း ဒဏ်ရာရရှိခဲ့ကာ၊ ၎င်းအား ယာဉ်ပ-၂၅/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၃၇၊၃၃၈  တို့ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်း-အုတ်တွင်းကားလမ်း ပဲခူးရိုးမပေါ်တွင် ကားတစ်စီးချောက်ထဲပြုတ်ကျပြီး လူ၁၅ ဦးသေဆုံးကာ ၂၅ ဦးဒဏ်ရာရရှိ ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်း-အုတ်တွင်းကားလမ်း ပဲခူးရိုးမပေါ်တွင် ကားတစ်စီးချောက်ထဲပြုတ်ကျပြီး လူ၁၅ ဦးသေဆုံးကာ ၂၅ ဦးဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 07:40 Rating: 5
Powered by Blogger.