ကူးတို့မော်တော်ပေါ်မှ သားမိနှစ်ဦး ဧရာဝတီမြစ်အတွင်း ခုန်ချမှုဖြစ်ပွား


မန္တလေးမြို့မှ မရမ်းခြံ ဆိမ်းကမ်းမှ မင်းကွန်းဒေသသို့ ပြေးဆွဲနေသော လမင်းသာ အမည်ရှိ ကူးတို့မော်တော်ပေါ်မှ သားမိနှစ်ဦးဧရာဝတီမြစ်အတွင်းခုန်ချမှု မတ် ၃၀ ရက် နေ့လယ်ပိုင်းအချိန်က ဖြစ်ပွားခဲ့ကြောင်း မင်းကွန်းအုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။


မင်းကွန်းဒေသမှ မန္တလေးမြို့၊မရမ်းခြံဆိပ်ကမ်းသို့ ကိုညီညီ မောင်းနှင်လာသော လမင်းသာ အမည်ရှိ ကူးတို့မော်တော်သည် ဧရာဝတီမြစ်လယ်အရောက် မော်တော်တွင်လိုက်ပါစီးနင်းလာသူခရီးသည် အသက် ၃၀အရွယ်အမည်မသိ အမျိုးသမီးတစ်ဦးမှ သားဖြစ်သူ ၁၀ နှစ်ခန့်ကို ချီပိုး၍ ဧရာဝတီမြစ်အတွင်းရုတ်တစ်ရက်ခုန်ချခဲ့ကြောင်း မင်းကွန်းအုပ်ချုပ်ရေးမှူး ဦးမျိုးမြတ်ထွန်းက ပြောသည်။
" မင်းကွန်းကနေ သုံးနာရီက မော်တော်ထွက်သွားတာ။ ကျွဲစွန်းနားရောက်တော့ အမေဖြစ်သူကသားကိုချီပြီး ရုတ်တရတ်မြစ်ထဲခုန်ချတာ။ခုန်ချတဲ့သူက မင်းကွန်းကမဟုတ်ပါဘူး။ မန္တလေးကလို့ ကနဦးသိထားပါတယ်။ မော်တော်မောင်းတဲ့သူကသိသိခြင်းရပ်ပြီး။ လှေပေါ်ပါလာသူတွေချက်ခြင်းဆယ်လို့ အသက်ရှင်လျက်ကယ်ရခဲ့တယ်။ခု မရမ်းခြံဆိပ်ကိုရောက်သွားပါပြီ ''ဟု ၎င်း ကပြောသည်။

ယင်းကဲ့သို့ ဧရာဝတီမြစ်အတွင်း ရုတ်တရက် ခုန်ချစဉ် မော်တော်ပေါ်လိုက်ပါလာသူ ခရီးသည်အမျိုးသားမှ မော်တော်ပါရေပုံးများကိုအသုံးပြု၍ ချက်ခြင်း လိုက်လံဆင်းဆယ်ယူခဲ့သဖြင့် သားမိနှစ်ဦးစလုံး အသက်ရှင်လျက်ကယ်ဆယ်ရရှိခဲ့ကြောင်း သိရသည်။

ရတနာပုံ​နေ့စဉ်​သတင်းစာ
ကူးတို့မော်တော်ပေါ်မှ သားမိနှစ်ဦး ဧရာဝတီမြစ်အတွင်း ခုန်ချမှုဖြစ်ပွား ကူးတို့မော်တော်ပေါ်မှ သားမိနှစ်ဦး ဧရာဝတီမြစ်အတွင်း ခုန်ချမှုဖြစ်ပွား Reviewed by THITHTOOLWIN on 07:40 Rating: 5
Powered by Blogger.