ကျောက်တော်မြို့အနီး AA အဖွဲ့ ထောင်ထားသည့်ဒေသ္တရလုပ် အဝေးထိန်းမိုင်းနှစ်လုံးတွေ့ရှိ


နေပြည်တော် ဧပြီ ၂၆

ရခိုင်ပြည်နယ် ကျောက်တော်မြို့အနီး၌ AA အဖွဲ့ ထောင်ထားသည့် ဒေသ္တရလုပ် အဝေးထိန်းမိုင်းနှစ်လုံးအား တပ်မတော်လုံခြုံရေး စစ်ကြောင်းများက ယနေ့နံနက်ပိုင်းတွင် ရှာဖွေတွေ့ရှိခဲ့ပြီး အများပြည်သူ အန္တရာယ်မရှိစေရေး ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တပ်မတော်စစ်ကြောင်းသည် ယနေ့ နံနက် ၈ နာရီခွဲခန့်တွင် ၀ဂင်းကျေးရွာ အနောက်ဘက်ရှိ ကျောက်တော်မြို့သို့ ဆက်သွယ်ထားသည့် မြေသားလမ်းပေါ်၌ မသင်္ကာဖွယ်နေရာတစ်ခုအား တွေ့ရှိရှင်းလင်းရာ ဒေသ္တရလုပ် အဝေးထိန်းမိုင်း တစ်လုံးအားရှာဖွေတွေ့ရှိခဲ့ပြီး အနီးဝန်းကျင်ကို ဆက်လက်စစ်ဆေးခဲ့ရာ အဆိုပါမိုင်းတွေ့ရှိသည့်နေရာ၏ မြောက်ဘက်မီတာ ၅၀ ခန့်အကွာတွင် ဒေသန္တရလုပ် အဝေးထိန်းမိုင်းတစ်လုံးနှင့် Samsung အမျိုးအစား ဖုန်းတစ်လုံးတို့ကို ထပ်မံတွေ့ရှိ သိမ်းဆည်း ရရှိသဖြင့် မိုင်းရှင်းလင်းရေးအဖွဲ့များဖြင့် စနစ်တကျသက်မဲ့ပြုလုပ်ဖျက်ဆီးခဲ့ကြောင်း သိရသည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီမှ ယနေ့အချိန်ထိ ရခိုင်ပြည်နယ်အတွင်း အများပြည်သူ အသုံးပြုသွားလာလျက်ရှိသည့် လမ်းများပေါ်တွင် AA အဖွဲ့က မိုင်းထောင်ခဲ့သည့် အကြိမ် ၁၄ ကြိမ်၊ မိုင်း ၄၃ လုံးဖော်ထုတ်ရရှိပြီး ခရီးသွားပြည်သူများ အ္တရာယ်မဖြစ်စေရေးအတွက် တပ်မတော်လုံခြုံရေးစစ်ကြောင်းများက လုံခြုံရေးနှင့် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ကျောက်တော်မြို့အနီး AA အဖွဲ့ ထောင်ထားသည့်ဒေသ္တရလုပ် အဝေးထိန်းမိုင်းနှစ်လုံးတွေ့ရှိ ကျောက်တော်မြို့အနီး AA အဖွဲ့ ထောင်ထားသည့်ဒေသ္တရလုပ် အဝေးထိန်းမိုင်းနှစ်လုံးတွေ့ရှိ Reviewed by THITHTOOLWIN on 10:50 Rating: 5
Powered by Blogger.