မရမ်းကုန်းမြို့နယ်ရှိ One Stop Mart ဆိုင်ကို ဓားပြတိုက်သူနှစ်ဦး ဖမ်းဆီးရမိ

ဖမ်းဆီးရမိသော တရားခံနှင့် ငွေများအားတွေ့ရစဉ်(ဓာတ်ပုံ-ပြည်ထဲရေး)
ရန်ကုန်၊ မတ် ၂၈ ရက် (ဆင်ဟွာ)

    မရမ်းကုန်းမြို့နယ်၊ (၁)ရပ်ကွက်ရှိ One StopMart ဆိုင်ကို ၀င်ရောက် ဓားပြတိုက်သူနှစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ ၂၄နာရီ ဖွင့်လှစ်ရောင်းချသော One Stop Mart ဆိုင်ကို ၂၀၁၉ ခုနှစ် မတ် ၂၆ ရက် နံနက် ၂နာရီခန့်က အမျိုးသား ၃ဦးရောက်ရှိလာပြီး ၀န်ထမ်းများကို ဓားထောက်ကာ ဖုန်း ၂ လုံး၊ Wifi Router ၃ လုံး၊ Red Ruby စီးကရက် ၂ တောင့်၊ Grand Royal ၂ လုံးနှင့် ငွေ ၁၆သိန်းကျော် ယူဆောင်သွားကြောင်း သိရသည်။

ယင်း ဆိုင်အတွင်း ဓားပြတိုက်သူ သုံးဦးအနက် နှစ်ဦးအား ဖမ်းဆီးရမိထားပြီး ကျန်တစ်ဦးအား ဆက်လက်ရှာဖွေနေကြောင်း၊ အဆိုပါ တရားခံများကို ဘုရင့်နောင် နယ်မြေရဲစခန်း (ပ)၅၄၉/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၈၆/၁၁၄ (ခြောက်လှန့်၍ တောင်းယူမှု/အားပေးကူညီမှု)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
မရမ်းကုန်းမြို့နယ်ရှိ One Stop Mart ဆိုင်ကို ဓားပြတိုက်သူနှစ်ဦး ဖမ်းဆီးရမိ မရမ်းကုန်းမြို့နယ်ရှိ One Stop Mart ဆိုင်ကို ဓားပြတိုက်သူနှစ်ဦး ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 18:35 Rating: 5
Powered by Blogger.