တနင်္သာရီတိုင်းယာယီဝန်ကြီးချုပ်အဖြစ် တိုင်းအစိုးရ သယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးကို ခန့်အပ်
![]() |
တနင်္သာရီတိုင်း ယာယီဝန်ကြီးချုပ် ဦးမြင့်မောင် |
ဒေါက်တာလဲ့လဲ့မော်ကို တနင်္သာရီတိုင်းဝန်ကြီးချုပ်အဖြစ် ရာထူး တာဝန်က ရပ်စဲလိုက်တယ်လို့ သမ္မတရုံးက ထုတ်ပြန်ခဲ့အပြီး သူ့နေရာမှာ အစားထိုးခန့်အပ်မယ့်သူကို သမ္မတရုံးက တိုင်းဒေသကြီး အစိုးရကို ညွှန်ကြားလာတာ ဖြစ်ပါတယ်။
နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး ကျော်ဇေယျကတော့ ဒီခန့်အပ်မှုနဲ့ ဒေါက်တာလဲ့လဲ့မော်ရဲ့ အမှုအပေါ် တစုံတရာ မှတ်ချက်ပြုပြောဖို့ မရှိဘူးလို့ ပြောပါတယ်။
ဒေါက်တာလဲ့လဲ့မော်အပါအဝင် Global Grand Services(GGS)ကုမ္ပဏီက အုပ်ချုပ်မှုဒါရိုက်တာ ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ်နဲ့ ဦးသူရအုံတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေတွေနဲ့ မတ်လ ၁၀ ရက်နေ့က အမှုဖွင့်ထားခဲ့တာပါ။
အခု ယာယီအစားထိုးခန့်အပ်လိုက်တဲ့ ဝန်ကြီးချုပ်သစ် ဦးမြင့်မောင်ကတော့ တနင်္သာရီတိုင်း NLD ပါတီအတွင်းရေးမှူးဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ ကော့သောင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရသူပါ။
![]() |
တနင်္သာရီတိုင်း ယာယီဝန်ကြီးချုပ် ဦးမြင့်မောင် |
ဒါ့အပြင် ဦးမြင့်မောင်ဟာ တိုင်းအစိုးရ သယံဇာတဝန်ကြီးအဖြစ် ဒေသဖွံဖြိုးရေးလုပ်ငန်းတွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့သူတစ်ဦးဖြစ်တယ်လို့ အရပ်ဖက်အသိုင်းအဝိုင်းက မှတ်ချက်ပြု ပြောကြပါတယ်။
![]() |
အဂတိမှုနဲ့ အဖမ်းခံထားရတဲ့ တနင်္သာရီ ဝန်ကြီးချုပ် |
ဒီပုဒ်မဟာ အာမခံပေးမရတဲ့ ပုဒ်မဖြစ်ပြီး တကယ်လို့ ပြစ်မှုထင်ရှားမယ်ဆိုရင် ဒေါက်တာလဲ့လဲ့မော်ဟာ ထောင်ဒဏ် ၁၀ နှစ်ကနေ ၁၅ နှစ်အထိ ကျခံရနိုင်ပါတယ်။
မတ်လ ၁၁ ရက်နေ့တုန်းကတော့ ဒေါက်တာလဲ့လဲ့မော်ကို ထားဝယ်မြို့တရားရုံးမှာ ချုပ်ရမန် ၂ ပတ် ယူခဲ့ပြီး အဲ့ဒီနောက် ထားဝယ်အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားပါတယ်။
BBC Burmese
https://www.bbc.com/burmese
တနင်္သာရီတိုင်းယာယီဝန်ကြီးချုပ်အဖြစ် တိုင်းအစိုးရ သယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးကို ခန့်အပ်
Reviewed by THITHTOOLWIN
on
21:15
Rating:
