မြိတ်မြို့နယ်တွင် အချိန်အခါမဟုတ် လေပြင်းတိုက်ခတ်ပြီးမိုးရွာသွန်းမှုကြောင့် လူနေအိမ်(၃၃)လုံး ပြိုကျပြီး (၂၃)လုံးပျက်စီး


မြိတ် မတ် ၁၉

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် တုံးဗျောကျေးရွာအုပ်စုတွင် မတ်လ(၁၈)ရက်နေ့ ညနေ(၅)နာရီခန့်က အချိန်ခါမဟုတ် လေပြင်းတိုက်ခတ်ပြီးမိုးသည်းရွာသွန်းမှုကြောင့် ကျေးရွာ(၆)ရွာတွင် လူနေအိမ်(၃၃)လုံးပြိုကျခဲ့ပြီး (၂၃)လုံးပျက်စီးခဲ့ကြောင်းသိရသည်။

ပြိုကျခဲ့သည့် နေအိမ်(၃၃)လုံးမှာလသာကျေးရွာတွင်(၄)လုံး၊ ကင်းတပ်ကျေးရွာတွင်(၈)လုံး၊ ဘုရားကုန်းကျေးရွာတွင်(၁၂)လုံး၊ မွေ့ရှောင်ကျေးရွာတွင်(၅)လုံး၊ချောင်းဝပြင်ကျေးရွာတွင်(၄)လုံးပြိုကျခဲ့ပြီးပျက်စီးခဲ့သည့်အိမ်(၂၃)လုံးနှင့် စာသင်ကျောင်းမှာ လသာကျေးရွာတွင် (၅)လုံး၊တုံးဗျောကြီးကျေးရွာတွင်(၄)လုံးနှင့် အမကစာသင်ကျောင်း(၁)ကျောင်း၊ ဘုရားကုန်းကျေးရွာတွင်(၃)လုံး၊ ကင်းတပ်ကျေးရွာတွင်(၅)လုံးနှင့်ကြက်ခြံ(၁)ခြံ၊ မွေ့ရှောင်ကျေးရွာတွင် (၆)လုံးပျက်စီးခဲ့ကြောင်းကျေးရွာ အုပ်ချုပ်ရေးထံမှ သိရသည်။


လေဘေးသင့်ပြည်သူများမှာလက်ရှိအခြေအနေတွင် နီးစပ်ရာဆွေမျိုးများထံတွင်တည်းခိုနေထိုင် လျက်ရှိကြကြောင်း။ လေပြင်းတိုက်ခိုက်မှုကြောင့် နေအိမ်ပြိုကျပျက်စီးရာတွင် ထိခိုက်ဒဏ်ရာရသေဆုံးမှုများမရှိကြောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မြတ်သူကပြောသည်။

လေပြင်းတိုက်မှုကြောင့် နေအိမ်များနှင့် စာသင်ကျောင်း(၁)ကျောင်းပျက်စီးခဲ့သည့် တုံးဗျောကျေးရွာသို့ မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးကျော်မျိုးမြင့် ၊မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများကကွင်းဆင်းဆောင်ရွက်ခဲ့ကြပြီးလေဘေးသင့်ပြည်သူများလတ်တလောစားသုံးရန်အတွက် မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူး က ဆန်( ၅)အိတ် လှူဒါန်းပေးခဲ့ကြောင်းသိရသည်။

ခိုင်ထူး ( မြိတ် ပြန်/ဆက် )
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မြိတ်မြို့နယ်တွင် အချိန်အခါမဟုတ် လေပြင်းတိုက်ခတ်ပြီးမိုးရွာသွန်းမှုကြောင့် လူနေအိမ်(၃၃)လုံး ပြိုကျပြီး (၂၃)လုံးပျက်စီး မြိတ်မြို့နယ်တွင် အချိန်အခါမဟုတ် လေပြင်းတိုက်ခတ်ပြီးမိုးရွာသွန်းမှုကြောင့် လူနေအိမ်(၃၃)လုံး ပြိုကျပြီး (၂၃)လုံးပျက်စီး Reviewed by THITHTOOLWIN on 23:54 Rating: 5
Powered by Blogger.