မြစ်ဆုံစီမံကိန်းကိစ္စ ဒေါ်အောင်ဆန်းစုကြည်ပြော

ပြည်မြို့မှာ ၂၀၁၉ မတ် ၁၄ ရက်နေ့ကကျင်းပတဲ့ လူထုတွေ့ဆုံပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို တွေ့ရစဉ် / Photo: Myanmar State Counsellor Office
နိုင်ငံတစ်နိုင်ငံဟာ ကမ္ဘာရဲ့ယုံကြည်မှုရဖို့ စကားတည်ဖို့လိုကြောင်း၊ အရင်တုန်းကစခဲ့တဲ့ တချို့စီမံကိန်းတွေနဲ့ ပတ်သက်ပြီး အခုအစိုးရလက်ထက်မှာမှ ဘယ်ဟာမှဂရုမစိုက်ဘူး၊ လုပ်ချင်ရာလုပ်မယ်ဆိုပြီး လုပ်လို့မရကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ဒီနေ့ ပြောလိုက်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်မြို့မှာ ဒေသခံတွေနဲ့ ဒီနေ့တွေ့ဆုံရာမှာ မြစ်ဆုံစီမံကိန်းဖျက်သိမ်းရေးနဲ့ ပတ်သက်ပြီး လက်ရှိအစိုးရရဲ့ သဘောထားကို ဒေသခံတစ်ယောက်က မေးမြန်းတာကို ဖြေကြားတဲ့အခါမှာ ထည့်သွင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် မြစ်ဆုံစီမံကိန်း အပါအ၀င် ကြီးမားတဲ့ စီမံကိန်းတွေကို ပြည်သူတွေအနေနဲ့ အဖက်ဖက်ကနေ အမြင်ကျယ်ကျယ်နဲ့ စဉ်းစားစေချင်ကြောင်း၊ အစိုးရအနေနဲ့ တာဝန်သိသိနဲ့လုပ်ဆောင်မှာဖြစ်ပြီး ဆုံးဖြတ်ချက်ချတဲ့အခါမှာလည်း ဘာကြောင့် ဒီလိုဆုံးဖြတ်တယ်ဆိုတာကို အများပြည်သူသိအောင် ရှင်းပြမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မသီရိမင်းဇင် ပေးပို့တာပါ။

RFA Burmese
https://www.rfa.org/burmese
မြစ်ဆုံစီမံကိန်းကိစ္စ ဒေါ်အောင်ဆန်းစုကြည်ပြော မြစ်ဆုံစီမံကိန်းကိစ္စ ဒေါ်အောင်ဆန်းစုကြည်ပြော Reviewed by THITHTOOLWIN on 20:41 Rating: 5
Powered by Blogger.