![]() |
ထိုင်း-မြန်မာ နယ်စပ်မှာ မြန်မာဒုက္ခသည်တွေ ခိုလှုံနေတဲ့ နို့ဘိုး ဒုက္ခသည်စခန်းမှာ ၂ဝ၁၉ ခုနှစ် မတ်လ ၄ ရက်နေ့က မီးလောင်မှုကို တွေ့ရစဉ် |
မီးလောင်ပျက်စီးသွားတဲ့ ဒုက္ခသည်စခန်းကို သွားရောက်ကြည့်ရှုနေသူတွေနဲ့ အဆက်အသွယ် မရသေးတာကြောင့် ထိခိုက်ဒဏ်ရာရှိမှုနဲ့ ပျက်စီးဆုံးရှုံးမှု အတိုင်းအတာကို အတိအကျ မပြောနိုင်သေးကြောင်းနဲ့ နေအိမ် ၅၀ကျော်လောက်တော့ မီးလောင်သွားတယ်လို့ ကြားသိရကြောင်း ဦးရောဘတ်ထွေးက ပြောပါတယ်။
ဒီမီးလောင်တဲ့အကြောင်းအရင်းနဲ့ ထိခိုက်မှုအခြေအနေသိရှိနိုင်ဖို့ စခန်းတာဝန်ရှိသူတွေကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။
အဲဒီဒုက္ခသည်စခန်းမှာ မြန်မာနိုင်ငံသား ဒုက္ခသည် ၁ သောင်း ၄ ထောင်ဝန်းကျင် ခိုလှုံနေတယ်လို့ သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။
RFA Burmese
https://www.rfa.org/burmese
နို့ဘိုးဒုက္ခသည်စခန်း မီးလောင်
Reviewed by THITHTOOLWIN
on
07:53
Rating:
