လေးလကြာအပစ်ရပ်ဖို့ တပ်မတော်ကို တရုတ်အစိုးရဖိအားပေးခဲ့

ကချင်ပြည်နယ်အတွင်းမှာ အစိုးရတပ်ဖွဲ့ဝင်တချို့ ကင်းလှည့်နေစဉ် ။ Photo: Kyaw Myo Min/ RFA
စစ်တိုင်းဌာနချုပ် ၅ခုမှာ ၄ လကြာအပစ်ရပ်ဖို့ မြန်မာ့တပ်မတော်ကို တရုတ်အစိုးရက ဖိအားပေးပြောဆိုခဲ့ တာဖြစ်ကြောင်းနဲ့ ၂၁ ရာစု ပင်လုံညီလာခံမှာ NCA မထိုးရသေးတဲ့ အဖွဲ့တွေကို ပါဝင်ဆွေးနွေးခွင့် မပေးဖို့လည်း တရုတ်နိုင်ငံက အကြံပြုခဲ့တာဖြစ်ကြောင်း ယူနန်ပြည်နယ် အစိုးရအဖွဲ့က ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် KBC ခေါင်းဆောင် ၇ဦးနဲ့ တွေ့ဆုံစဉ်မှာ ပြောလိုက်ပါတယ်။

တရုတ်-မြန်မာနယ်စပ် ရွှေလီမြို့မှာ KBC ခေါင်းဆောင် ၇ ဦးနဲ့ ယူနန်ပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိသူတွေ ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့က တွေ့ဆုံဆွေးနွေးရာမှာ တရုတ်နိုင်ငံက မြန်မာအစိုးရဘက်ကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး တွန်းအားပေးနေကြောင်း ပြောဆိုရာမှာ ထည့်သွင်းပြောကြားလိုက်တာလို့ KBC ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆမ်ဆွန်က RFA ကို ပြောပါတယ်။

တပ်မတော် စစ်တိုင်း ၅ ခုမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၁ ရက်နေ့ကနေ ဧပြီလကုန်အထိ အပစ်အခတ်ရပ်စဲကြောင်း တပ်မတော်က ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။ အဲ့ဒီထဲမှာတော့ ရခိုင်ပြည်နယ် မပါဝင်ဘဲ ဒီနေ့အချိန်ထိ AA အဖွဲ့နဲ့ တိုက်ပွဲတွေ နေ့စဉ်ရက်ဆက်ဆိုသလို ဖြစ်နေပါတယ်။

ယူနန်ပြည်နယ် အစိုးရအဖွဲ့က KBC ခေါင်းဆောင်တွေကို ပြောဆိုလိုက်တာနဲ့ ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက RFA က ဆက်သွယ်မေးမြန်းပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

ဒီသတင်းကို RFA သတင်းထောက် မအဲလိဇဘက် နဲ့ ကိုကျော်ထွန်းနိုင်တို့ ပေးပို့တာပါ။

RFA Burmese
https://www.rfa.org/burmese
လေးလကြာအပစ်ရပ်ဖို့ တပ်မတော်ကို တရုတ်အစိုးရဖိအားပေးခဲ့ လေးလကြာအပစ်ရပ်ဖို့ တပ်မတော်ကို တရုတ်အစိုးရဖိအားပေးခဲ့ Reviewed by THITHTOOLWIN on 03:38 Rating: 5
Powered by Blogger.