မြောက်ဦးမှာ အစိုးရတပ်ကပစ်လို့ အရပ်သား ၇ ဦး ဒဏ်ရာရ

၂ဝ၁၉ မတ်လ ၁၈ ရက်နေ့က မြောက်ဦးမြို့ ရွာဟောင်းတောကျေးရွာတွင် လက်နက်ကြီးကျရောက် ပေါက်ကွဲပြီး နေအိမ်တစ်လုံး မီးလောင်နေစဉ်။ (Photo: Maung Htay Win)
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာ အစိုးရတပ်က ပစ်ခတ်တဲ့အတွက် နေအိမ်တစ်လုံးမီးလောင်ပြီး အသက် ၁ဝ နှစ်ဝန်းကျင် ကလေး ၂ ဦးအပါအဝင် ၇ ဦး ဒဏ်ရာရသွားတယ်လို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။

ဒီနေ့ညပိုင်းမှာ အစိုးရတပ်က မြောက်ဦးမြို့ ကျောက်ရစ်ကေရပ်ကွက်ကနေ ကားလေးစီးနဲ့ စတင်ဝင်ရောက်ပြီး ပစ်ခတ်ခဲ့တာလို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

မြောက်ဦးမြို့ ကိုးသောင်းဘုရားအနီးက ရွာဟောင်းတောကျေးရွာထဲကို လက်နက်ကြီးကျရောက် ပေါက်ကွဲတဲ့အတွက် နေအိမ်တစ်လုံး မီးလောင်ပြီး လူတွေဒဏ်ရာရသွားတာလို့ ရွာခံတစ်ဦးက RFA ကို ပြောပါတယ်။

မြောက်ဦးမြို့အနီးဝန်းကျင်မှာ အစိုးရတပ်မတော်က အင်အားအများအပြား ချထားသလို၊ မနေ့ နေ့လယ်ပိုင်းကတည်းက ကိုးသောင်းဘုရားအလွန် တောင်တန်းတွေမှာ ပစ်ခတ်သံတွေ ကြားနေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒီပစ်ခတ်မှုနဲ့ပတ်သက်လို့ တပ်မတော်တာဝန်ရှိသူတွေကို ဆက်သွယ်လို့ မရသေးပါဘူး။

RFA Burmese
https://www.rfa.org/burmese
မြောက်ဦးမှာ အစိုးရတပ်ကပစ်လို့ အရပ်သား ၇ ဦး ဒဏ်ရာရ မြောက်ဦးမှာ အစိုးရတပ်ကပစ်လို့ အရပ်သား ၇ ဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 07:50 Rating: 5
Powered by Blogger.