![]() |
တရုတ်နိုင်ငံက ဝက်မွေးမြူရေးခြံတစ်ခြံ |
အာဖရိကဝက်အပြင်းဖျားရောဂါဟာ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ တရုတ် ယူနန် အရှေ့မြောက်ဒေသ၊ အလယ်ပိုင်းဒေသတွေ အပါအဝင် ပြည်နယ်တချို့မှာ ကူးစက်ပျံနှံ့နေပြီး ဝက်အကောင်ရေ ၁ သန်း နီးပါးလောက်ကို သုတ်သင်ရှင်းလင်းခဲ့ရပါတယ်။
လတ်တလောမှာ ဒီရောဂါဟာ လူကိုကူးစက်မှုမရှိသေးပေမယ့် ဝက်တွေမှာ ကူးစက်မှုကို မထိန်းချုပ်နိုင်သေးသလို ရောဂါကာကွယ်ဆေးလည်း မရှိသေးပါဘူး။
စားသုံးသူများကာကွယ်စောင့်ရှောက်ရေးအသင်း ဥက္ကဌ ဦးဗအုပ်ခိုင်က 'ခုချိန်မှာ လူကို ကူးစက်တာမရှိသေးပေမယ့် သူရဲ့ ဗိုင်းရပ်စ်မှာ မျိုးစိတ်တစ်ခု ထပ်ကွဲသွားတာမျိုး ပေါင်းသွားတာမျိုး ဖြစ်လာမယ်ဆိုရင် မကူးဘူးလို့ မပြောနိုင်ပါဘူး၊ ဒီလိုအချိန်မှာ အိမ်နီးချင်းမြန်မာနိုင်ငံထဲမှာ ဝက်ခြံတွေကို ဆေးဖြန်းတာမျိုးလို ဇီဝလုံခြုံရေး ဂရုစိုက်ဖို့ လိုပါတယ်၊ အဓိက အရေးကြီးတာက တရုတ်ကလာတဲ့ အေးခဲဝက်သား၊ ဝက်အူချောင်း၊ ဝက်ပေါက်ခြောက်တွေ စားသုံးတာ ရှောင်ကြဉ်ဖို့ လိုပါတယ် လို့ ပြောပါတယ်။
BBC Burmese
https://www.bbc.com/burmese
ဝက်သားနဲ့ဆိုင်တဲ့ ပစ္စည်းတွေ တရုတ်တင်သွင်းမှု မြန်မာဘက်က ယာယီပိတ်ပင်
Reviewed by THITHTOOLWIN
on
11:04
Rating:
