ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက နည်းပညာတက္ကသိုလ်(ရတနာပုံဆိုက်ဘာစီးတီး)မှာ တက်ရောက်နေတဲ့ ကျောင်းသား ကိုထက်လင်းသန့် နဲ့ ကျောင်းသူမိတ်ဆွေတို့ ရတနာပုံမြို့သစ်စီမံကိန်းအတွင်းမှ ဆိုင်ကယ်နဲ့ ပြန်လာစဉ် အမျိုးသားသုံးဦး က လုယက် ရိုက်နှက်ခဲ့တာကြောင့် ကိုထက်လင်းသန့်မှာ သေဆုံးခဲ့ပြီး ကျောင်းသူမိတ်ဆွေမှာလည်း ဆေးရုံကို တင်ပို့ခဲ့ရပါတယ်။
လုယက်ခဲ့တဲ့တရားခံတွေထဲက (၃)ဦးကို ဒီဇင်ဘာ (၉)ရက်မှာ ဖမ်းဆီးနိုင်ခဲ့ပြီး ပြင်ဦးလွင် ခရိုင်တရားရုံးကို တရားစွဲ တင်ပို့ခဲ့တာပါ။ အမှုကိုတော့ ဇန်နဝါရီ ၇ ရက်မှာ စတင်စစ်ဆေးခဲ့ပြီး ဖေဖော်ဝါရီ ၂၇ ရက်မှာ အမိန့်ချမှတ်ခဲ့တာပါ။ အဓိက တရားခံဖြစ်သူကိုတော့ ပုဒ် ၃၉၆ အရ မသေမချင်းကြိုးကွင်းစွပ် သတ်ဖို့ နဲ့ ပုဒ်မ ၃၉၇ အရ ထောင်ဒဏ် ၁၀ နှစ်ကျခံစေဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။
နောက်တရားခံ(၂) ဦးကိုလည်း ထောင်ဒဏ်နှစ်ရှည်တွေ အသီးသီး ချမှတ်ခဲ့ပါတယ်။
တရားခံတစ်ဦးကတော့ ထွက်ပြေးလွတ်မြောက်လို့ ဝရမ်းထုတ်ထားတယ်လို့လည်း တရားရုံးက တာဝန်ရှိသူကပြောပါတယ်။
သတင်း - အောင်သူ(ပြင်ဦးလွင်)
One News Myanmar
https://www.facebook.com/onenewsmyan
နည်းပညာ တက္ကသိုလ်ကျောင်းသား သတ်သူကို သေဒဏ်ချ
Reviewed by THITHTOOLWIN
on
08:33
Rating:
