![]() |
ဘိုးရင်း ၇၃၇ လေယာဉ်တစ်စင် |
ဘိုးအင်း၇၃၇ မက်စ် လေယာဉ်တစ်စင်းဟာ အီသီယိုးပီးယားနိုင်ငံမြို့တော် အက်ဒစ် အဘာဘာနားက ယာခင်းထဲကို ထိုးကျခဲ့လို့ လေယာဉ်ပေါ် လိုက်ပါလာသူ ၁၅၇ ဦးစလုံး သေဆုံးခဲ့ပါတယ်။
အီသီယိုးပီးယားလေကြောင်းလိုင်း ခုလိုလေယာဉ်ပျက်ကျမှုက ပြီးခဲ့တဲ့ ၅ လအတွင်း ဒုတိယအကြိမ်ပျက်ကျမှုပါ။
အီသီယိုးပီးယားလေကြောင်းလိုင်းလေယာဉ် ဘာဖြစ်ခဲ့တယ်ဆိုတာကို ပြောဖို့ စောသေး တယ်လို့ ကျွမ်းကျင်သူတွေက သတိပေးပေမဲ့ အောက်တိုဘာလတုန်းက Lion Air လေကြောင်းလိုင်းက ပျက်ကျ ခဲ့တဲ့လေယာဉ်ဟာလည်း ဒီအမျိုးအစားပဲဖြစ်ပါတယ်။
အဲဒီလေယာဉ်ကတော့ ပျံတက်ပြီး အနည်းငယ်အကြာမှာ ပျက်ကျခဲ့တာပါ။ ဖြစ်ရပ် ၂ ခုစလုံးမှာ ဘိုးအင်း ၇၃၇ မက်စ် အိတ် လေယာဉ်တွေဖြစ်ပြီး ပျံတက်ချိန်တွေမှာပဲ ဒီလိုဖြစ်တာကို ထောက်ဆကြည့်ရင် အလားတူဖြစ်နိုင်တဲ့အခြေအနေမှာရှိတယ်လို့ ပြောလို့တယ်ဆိုပြီး တရုတ်ပြည်တွင်းလေကြောင်း အာဏာပိုင်အဖွဲ့ရဲ့ကြေညာချက်မှာပါရှိပါတယ်။
သေဆုံးသူတွေဟာ နိုင်ငံပေါင်း ၃၀ ကျော်က ဖြစ်ပြီး အဲဒီထဲကမှ ၈ ဦးက တရုတ်နိုင်ငံကပါ။
![]() |
ဘိုးရင်း ၇၃၇ မက်စ် အမျိုးအစား |
တရုတ်နိုင်ငံဟာ ဘိုးအင်း ၇၃၇ မက်စ် အမျိုးအစား လေယာဉ် အစင်း ၁၀၀ ကျော်ကို အသုံးပြုနေတာပါ။
အီသီယိုးပီးယားမှာတော့ လေယာဉ်ပျက်ကျသူတွေအတွက် ဝမ်းနည်းအောက်မေ့ဖွယ် တစ်ရက် ကြေညာထားပါတယ်။
ဒါအပြင် အီသီယိုးပီးယား ဝန်ကြီးချုပ်ကလည်း ဝမ်းနည်းတုန်လှုပ်စရာ ဒီအဖြစ် ဘာကြောင့်ဖြစ်ခဲ့လဲ ဆိုတာကို သိရအောင် စုံစမ်းစစ်ဆေး သွားမှာဖြစ်ပြီး တွေ့ရှိချက်တွေကို ဖော်ပြသွားမယ်လို့ ကတိပေးထားပါတယ်။
BBC Burmese
https://www.bbc.com/burmese
အီသီယိုးပီးယားမှာ ပျက်ကျပြီးနောက် တရုတ်လေကြောင်းလိုင်းက ဘိုးအင်း ၇၃၇ လေယာဉ် အသုံးပြုမှု ရပ်ဆိုင်း
Reviewed by THITHTOOLWIN
on
03:37
Rating:
