ဇေယျာသီရိမြို့နယ်၌ ယာဉ်တိုက်မှုကြောင့် ၄ ဦး သေ၊ ၄ ဦး ဒဏ်ရာရ


၂၀၁၉ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့ ၀၅၄၅ အချိန် ဇေယျာသီရိမြို့နယ်၊ စိမ်းစားပင်ကျေးရွာအနီး ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင်(၂၅၂/၅-၆)ကြား၌ တပ်ကုန်းဘက်မှ ပျဉ်းမနားဘက်သို့ ထွန်းထွန်းနိုင်(၄၅)နှစ် ကွက်သစ်ရပ်ကွက်၊ ပင်းတယမြို့နေသူ မောင်းနှင်လာသော 2E/×××× Fuso ၁၂ ဘီးယာဉ်သည် လမ်းအကွေ့တွင် အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိကာ မျက်နှာချင်းဆိုင်မှ ဦးသာရွှင်(၄၀)နှစ် မဲနယ်တောင်ကျေးရွာ၊ ပင်းတယမြို့နယ်နေသူ မောင်းနှင်သည့် 6G/×××× Dyna ယာဉ်အား ဝင်ရောက်တိုက်မိခဲ့၍ ၄ ဦး သေ၊ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါသည်။


အဆိုပါ Dyna ယာဉ်ပေါ်မှ ဦးထွန်းရွှေ(၅၀)နှစ်ပါ ၄ ဦး(ကျား ၃၊ မ ၁)တို့တွင် ဦးခေါင်း/နဖူးပေါက်ပြဲ၊ မျက်နှာစုတ်ပြဲဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး မနန်းခင်ဇော်(၁၄)နှစ်ပါ မ ၄ ဦးတို့တွင် ပွန်းပဲ့ပေါက်ပြဲဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် နေပြည်တော်ခုတင်(၁၀၀၀)ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပါသည်။

အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ၁၂၄၀ အချိန်တွင် ထွန်းထွန်းနိုင်(ဖမ်းမိ)အား ရေဆင်းနယ်မြေရဲစခန်းယာဉ်(ပ)၄/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၃၃၈/ ၃၃၇ (ပေါ့လျော့မှုကြောင့် လူသေမှု/ ပြင်းထန်/ သာမန်နာကျင်စေမှု)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ယနေ့ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်
ဇေယျာသီရိမြို့နယ်၌ ယာဉ်တိုက်မှုကြောင့် ၄ ဦး သေ၊ ၄ ဦး ဒဏ်ရာရ ဇေယျာသီရိမြို့နယ်၌ ယာဉ်တိုက်မှုကြောင့် ၄ ဦး သေ၊ ၄ ဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 20:06 Rating: 5
Powered by Blogger.