တောင်ငူမြို့လယ်ခေါင် လက်ဖက်ရည်ဆိုင်၌ အမျိုးသား တစ်ဦး ဓားဖြင့်အထိုးခံရ ဆေးရုံအရောက်သေဆုံးသွား


တောင်ငူ မတ် ၂၆

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့လယ် ကုန်သည်ကြီးလမ်းရှိ ထူး လက်ဖက်ရည်ဆိုင်၌ မတ် ၂၆ ရက်နေ့ ညနေပိုင်းအချိန်က လက်ဖက်ရည် ထိုင်သောက်နေသည့်အမျိုးသားတစ်ဦးအား ဓား ဖြင့်ထိုးခဲ့၍ ဓားနှင့်အထိုးခံရသူမှာ ဆေးရုံတွင်သေဆုံးသွာခဲ့ကြောင်း သိရသည်။

 အခင်းဖြစ်ပွားရာသို့ တောင်ငူ နမစ ၂ စခန်းမှူး ရဲအုပ် အောင်ကိုကို နှင့်အဖွဲ့ကသွားရောက် စစ်ဆေးခဲ့ရာ ထူးလက်ဖက်ရည်ဆိုင် အဝင်ဝတွင် သွေးများပေကျန်လျက် ဦးမြင့်လွင်(ခ)မင်းလွင် ၅၀ နှစ် လျှပ်စစ်အင်ဂျင်နီယာ နေပြည်တော် နေသူသည် ဓားဒါဏ်ရာများရရှိထားသည်ကိုတွေ့ရှိရပြီး ၎င်း၏ ပြောပြချက်အရ တောင်ငူခရိုင် ထန်းတပင်မြို့နယ် မိချောင်း ခေါင်းကျေးရွာနေ ယောက်ဖတော်သူ နေဝင်းအောင် ၃၅ နှစ်မှ ဓားဖြင့်ထိုးသွားခြင်းဖြစ်ကြောင်း သိရှိခဲ့ရ သည်။

 ဒါဏ်ရာရရှိထားသူ ဦးမြင့်လွင်(ခ) မင်းလွင် အား တောင်ငူဆေးရုံကြီးသို့အရေးပေါ်တင်ပို့ပေးခဲ့ပြီး နောက် ရရှိထားသည့်ဒါဏ်ရာများဖြင့်သေဆုံးသွားခဲ့၍ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေးဆောင်ရွက်လျက် ရှိကြောင်းသတင်းရရှိသည်။

ကိုလွင် - ဆွာ
တောင်ငူမြို့လယ်ခေါင် လက်ဖက်ရည်ဆိုင်၌ အမျိုးသား တစ်ဦး ဓားဖြင့်အထိုးခံရ ဆေးရုံအရောက်သေဆုံးသွား တောင်ငူမြို့လယ်ခေါင် လက်ဖက်ရည်ဆိုင်၌ အမျိုးသား တစ်ဦး ဓားဖြင့်အထိုးခံရ ဆေးရုံအရောက်သေဆုံးသွား Reviewed by THITHTOOLWIN on 09:44 Rating: 5
Powered by Blogger.