အလောင်းတော်ကသပ ဘုရားဖူးယာဉ်တိမ်းမှောက် လူငါးဦးသေဆုံး


မုံရွာ၊မတ်-၁၈

ယနေ့မနက်အစောပိုင်းက အလောင်းတော်ကဿပ ဘုရားဖူးယာဉ်တိမ်းမှောက်ရာ လူ ငါးဦး သေဆုံးခဲ့ကြောင်း သွားရောက်ကူညီရာတွင် ပါဝင်ခဲ့သူ ဦးအောင်သန်းဌေးက ပြောသည်။

မနက် ၅နာရီခန့်က အလောင်းတော်ကဿပသို့အသွား ကနီမြို့နယ် ချောင်းမကြီးတောင်အဆင်းချောက်တွင် ပေ ၂၀၀ခန့် အောက်သို့ ပြုတ်ကျခဲ့ခြင်းဖြစ်သည်ဟု ကယ်ဆယ်သူများက ဆိုသည်။

"ကျွန်တော်တို့ကားသွားတော့ ပြုတ်ကျနေတာ တွေ့တယ်။ဒါနဲ့ ကူညီရေးအဖွဲ့တွေကို ခေါ်ပြီး သွားကယ်ပြီးပါပြီ။" ဟု ဦးအောင်သန်းဌေးက ပြောသည်။


ဦးအောင်သန်းဌေး၏ ပြောပြချက်အရ ရန်ကုန် ဒေါပုံမြို့နယ်မှ ဘုရားဖူးအဖွဲ့ဟု သိရပြီး အယောက်သုံးဆယ်ကျော်ပါသည်ဟု ဆိုသည်။

ဒဏ်ရာရသူ အားလုံးကို ကပိုင်ဆေးရုံကြီးနှင့်မုံရွာဆေးရုံကြီးသို့ ပို့ဆောင်ထားသည်။

ဓာတ်ပုံ- အောင်သန်းဦး
အိအိမွန်
Monywa Gazette
https://www.facebook.com/monywagazette/
အလောင်းတော်ကသပ ဘုရားဖူးယာဉ်တိမ်းမှောက် လူငါးဦးသေဆုံး အလောင်းတော်ကသပ ဘုရားဖူးယာဉ်တိမ်းမှောက် လူငါးဦးသေဆုံး Reviewed by THITHTOOLWIN on 07:58 Rating: 5
Powered by Blogger.