ပုဏ္ဏားကျွန်းမြို့နယ်မှာ ရဲကား တိုက်ခိုက်ခံရ လူနှစ်ဦး သေဆုံး

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ပန်းနီလာနဲ့ ကြံခင်းကျေးရွာကြားမှာ တိုက်ခိုက်ခံရတဲ့ ကားနှစ်စီးကို တွေ့ရစဉ် / Photo: Naing Minn Thet
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ကြံခင်းနဲ့ပန်းနီလာကျေးရွာနှစ်ရွာကြားမှာ ရဲတပ်ဖွဲ့ဝင်တွေ စီးနင်းလာတဲ့ ကားနှစ်စီး မနေ့က တိုက်ခိုက်ခံခဲ့ရလို့ ရဲတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ လူမှုကွန်ရက် အင်တာနက်စာမျက်နှာဖြစ်တဲ့ ရဲဇာနည်မှာတော့ သံတွဲမြို့နယ်ကနေ ပြည်နယ် ရဲတပ်ဖွဲ့ရုံကို အပ်နှံဖို့အတွက် ရဲတပ်ဖွဲ့ပိုင် Double Cab မော်တော်ယာဉ် ၃ စီးနဲ့ ပိုင်ရှင်မဲ့သိမ်းဆည်းရထားတဲ့ Mark 2 အမျိုးအစား အဖြူရောင်ယာဉ်တစ်စီးတို့ကို ရဲတပ်ဖွဲ့ဝင်ယာဉ်မောင်း ၄ ဦးက မောင်းနှင်လာရာမှာ မိုင်းခွဲတိုက်ခိုက် ခံရတာလို့ဖော်ပြပါတယ်။

အဲဒီကားနှစ်စီးဟာ ရန်ကုန်-စစ်တွေကားလမ်းမအတိုင်း ပုဏ္ဏားကျွန်းမြို့ဘက်ကို လာရာမှာ ကြံခင်းနဲ့ ပန်းနီလာ ကျေးရွာကြားမှာ မိုင်းခွဲတိုက်ခိုက်ခံရတာလို့ ဒေသခံတွေကပြောပါတယ်။

အဲဒီဖြစ်စဉ်အတွင်း ရဲတပ်ဖွဲ့ဝင် ၂ ဦး အသက်ဘေးကနေ လွတ်မြောက်သွားတယ်လို့လည်း သိရပါတယ်။

ဒဏ်ရရသွားတဲ့ ရဲတပ်ဖွဲ့ဝင်ကိုတော့ ပုဏ္ဏားကျွန်းဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုဟာ AA အဖွဲ့ရဲ့လက်ချက်လို့ ရေးသားထားပြီး AA ရဲ့ ပြောခွင့်ရသူ ခိုင်သုခကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ လက်ခံဖြေကြားခြင်း မရှိသေးပါဘူး။

ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့လိုက်တာပါ။

RFA Burmese
https://www.rfa.org/burmese
ပုဏ္ဏားကျွန်းမြို့နယ်မှာ ရဲကား တိုက်ခိုက်ခံရ လူနှစ်ဦး သေဆုံး ပုဏ္ဏားကျွန်းမြို့နယ်မှာ ရဲကား တိုက်ခိုက်ခံရ လူနှစ်ဦး သေဆုံး Reviewed by THITHTOOLWIN on 08:11 Rating: 5
Powered by Blogger.