နယူးဇီလန်မှာ လူ ၄၉ ယောက်သေဆုံးအောင် တိုက်ခိုက်ခဲ့သူကို တရားရုံးကစွဲချက်တင်

လူအများအပြားသေဆုံးစေခဲ့တဲ့ သေနတ်ပစ်ခတ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ Brenton Tarrant ကို တရားရုံးမှာတွေ့ရစဉ်
နယူးဇီလန်နိုင်ငံ ခရိုက်စ်ချာ့ခ်ျ မြို့က ဗလီ ၂ခုမှာ မတ် ၁၅ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ လူ ၄၉ ဦးသေဆုံးစေမှုအတွက် သေနတ်သမားကို တကိုယ်တော်လူသတ်သမားအဖြစ် တရားရုံးကနေစွဲချက်တင်လိုက်ပါတယ်။

လူအများအပြားသေဆုံးစေခဲ့တဲ့ ဒီသေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးတဲ့နောက်မှာတော့ သေနတ် ကိုင်ဆောင်ခွင့်ဥပဒေကို ပြင်ဆင်မယ်လို့ ဝန်ကြီးချုပ် ဂျက်စင်ဒါ အာဒန်က ပြောလိုက်ပါတယ်။

ပစ်ခတ်မှုဟာ ကြိုတင်ပြင်ဆင်ထားတာဖြစ်ပြီး ပစ်ခတ်သူမှာ သေနတ်လိုင်စင်လည်းရှိတယ်လို့ ဝန်ကြီးချုပ်အာဒန်ကထုတ်ဖော်ပြောဆိုပါတယ်။

နောက်ထပ်ဖမ်းဆီးထားသူ ၂ဦးလည်း ရှိပြီး သူတို့ဟာ ဒီပစ်ခတ်မှုမှာ ပတ်သက်ခြင်းရှိမရှိကိုတော့ စစ်ဆေးနေဆဲဖြစ်ပါတယ်။

ဖမ်းဆီးထားသူအားလုံးဟာ ရာဇဝတ်မှုကျုးလွန်ဖူးတဲ့ မှတ်တမ်းမရှိသူတွေဖြစ်ပါတယ်။

အဓိက ကျူးလွန်သူအဖြစ်အစွပ်စွဲခံထားရသူဟာ အသက် ၂၈ အရွယ်ရှိ အမျိုးသားတစ်ယောက်ဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com/burmese
နယူးဇီလန်မှာ လူ ၄၉ ယောက်သေဆုံးအောင် တိုက်ခိုက်ခဲ့သူကို တရားရုံးကစွဲချက်တင် နယူးဇီလန်မှာ လူ ၄၉ ယောက်သေဆုံးအောင် တိုက်ခိုက်ခဲ့သူကို တရားရုံးကစွဲချက်တင် Reviewed by THITHTOOLWIN on 12:22 Rating: 5
Powered by Blogger.