မန္တလာမင်းယာဉ်မောင်းအိပ်ငိုက်ပြီး ယာဉ်တိုက်မှုဖြစ် ယာဉ်အကူသေဆုံး


၂၀၁၉ ခုနှစ် မတ်လ(၂၉)ရက်နေ့ နံနက်(၀၅၃၀) နာရီ အချိန်ခန့် က ရန်ကုန်-မန္တလေး လမ်း မိုင်တိုင် ၂၅၈/၄ အနီး တွင် မန္တလာမင်းယာဉ်မောင်းမှ အိပ်ငိုက်ပြီး ရှေ့မှ Canter ကားကိုဝင်တိုက်မိရာ မန္တလာမင်းယာဉ်အကူသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။


ယာဉ်မောင်း ကိုမျိုးမင်းလတ်၊ ၃၀နှစ်၊ ကျိုက်ထိုမြို့နေသူမောင်းနှင်လာသည့် ယာဉ်အမှတ် YGN 7P- 2---Yutong အမျိုးအစား အနီရောင် မန္တလာမင်း Express သည် ယာဉ်မောင်း အိပ်ငိုက်ပြီး ရှေ့မှ လားရာတူ မောင်းနှင်နေသေည့် ယာဉ်မောင်း ကိုတင်ဝင်းမောင်းနှင်သော 9K/1---Canter ကုန်တင်ယာဉ်ကို ဝင်ရောက်တိုက်မိခြင်းဖြစ်သည်။


 မန္တလာမင်းယာဉ်မှာ ဂါတ်ဝေးတန်းအား ကျော်တက်ကာ တစ်ဖက်ယာဉ်ကြောတွင် ရပ်တန့်သွားပြီး Express ယာဉ်ပေါ်တွင် ယာဉ်မောင်းပါ ကျား ၁၉ဦး၊ မ ၄ဦး၊ ပေါင်း ၂၃ဦးပါရှိပြီး ယာဉ်အကူ အောင်မြတ်သူ ထိခိုက်ဒဏ်ရာရရှိသဖြင့် အမြန်လမ်းမကြီးရဲတပ်ဖွဲ့  ပေပင်လေး စခန်းမှ တပ်ဖွဲ့ ဝင်များမှ တောင်ညောင်ကုန်းတိုက်နယ်ဆေးရုံသို့ တပ်ဖွဲ့ပိုင်ယာဉ်ဖြင့် ပို့ဆောင်ခဲ့ ရာ ဆေးရုံရောက်ရှိသည့်အချိန် သေဆုံးသွားကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်

မန္တလာမင်းယာဉ်မောင်းအိပ်ငိုက်ပြီး ယာဉ်တိုက်မှုဖြစ် ယာဉ်အကူသေဆုံး မန္တလာမင်းယာဉ်မောင်းအိပ်ငိုက်ပြီး ယာဉ်တိုက်မှုဖြစ် ယာဉ်အကူသေဆုံး Reviewed by THITHTOOLWIN on 21:58 Rating: 5
Powered by Blogger.